နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းများ အရ ကျပ် ၉၁,၃၁၉ ဒသမ ၄၃၃ ဘီလီယံရရှိရန် လျာထားသည်ဟု အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ လိုင်စင်ကြေးအား သိန်း၅၀၀ တိုးမြှင့်သတ်မှတ်ရန်၊ မလေးရှားနိုင်ငံသို့အလုပ်သမားစေလွှတ်မှုပိတ်ပင်ထားခြင်းအား ပြန်လည်ခွင့်ပြုပေးရန်အတွက် MOEAF မှ အကြောင်းကြားစာတင်ပြပေးရန် နှင့် အခြားကိစ္စရပ်များအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှတာဝန်ရှိသူတို့...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) AFF U-18 Championship 2017 ကို စက်တင်ဘာလ ၄ ရက်မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း နုတ်ထွက်စာတင်ရန် သမ္မတထံ သွားရောက်တင်နေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးစခန်း၏ အနောက်မြောက်ဘက် ရိုမန်ကက်သလစ်ချက်ကျောင်းအနီးတွင် ဖေဖော်ဝါရီ ၂၀ရက်နေ့ နံနက်ပိုင်းက ဗုံးသီးဟောင်းတစ်လုံးကို ထုရိုက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) မြဝတီမြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၇၈,၄၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၃၀၀ ကျော်) နှင့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) စင်ကာပူ ယူ၂၂(ခ) အသင်းသည် ရန်ကုန်မြို့သို့ လာရောက်၍ ယနေ့နံနက် (၉)နာရီက YTC ကွင်းတွင် လေ့ကျင့်ရေး ခြေစမ်းပွဲ Training Match (လေ့ကျင့်ယှဉ်ပြိုင်ပွဲ) အဖြစ် မြန်မာ ယူ၂၂(ခ) အသင်းနှင့် ခြေစမ်းကစားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းမှုအား ဖြေရှင်းရန် ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် Water Taxi များအား ယခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင်ပြေးဆွဲနိုင်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာကိုပြောသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ အကွက်အမှတ် ညည/ ၄၂ ၊ ၅၅ လမ်းနှင့် ၅၄ လမ်းကြား ရန်ပြေလမ်းနှင့် ရန်နိုင် လမ်းကြားတွင် ယနေ့ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာတွင်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မောင်တော ဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး စုစုပေါင်း ၁၇ ဦး ကျဆုံးကာ တပ်မတော်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦး၊ အပြစ်မဲ့အရပ်သားပြည်သူ...