Connect with us

Environment, Disasters & Accidents

ပုဏ္ဏားကျွန်းမြို့နယ် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၂ ဦး သေဆုံးခဲ့ပြီး လူနေအိမ်များ ပျက်စီး

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရူံးမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စံပြကျေးရွာ အရှေ့စုရပ်ကွက်၌ ဇွန် ၁၂ ရက်တွင် အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုလေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၁၈ လုံး ပျက်စီးသွားကာ နေအိမ် ၁၆ လုံးမှာ အမိုးအကာများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၃ ဦးတို့မှာ ယိုးတရုတ် တိုက်နယ် ဆေးရုံ၌ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.