Connect with us

Environment, Disasters & Accidents

စစ်တွေမြို့၌ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားထုတ်များအား တွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်း၌ ကျပ် သိန်းပေါင်းခြောက်သောင်းရှစ်ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၃၄သိန်းဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ ရေချမ်းပြင်ဆိပ်ကမ်း၌ Skat အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ကြမ်းခင်းတွင် အံဝှက်ပြုလုပ်၍ တင်ဆောင်လာသော WY စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားပါ အထုပ် ၃၄၀ ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၃၄ သိန်း ကာလတန်ဖိုးငွေကျပ် ‎၆၈၀၀၀၀၀၀၀၀(ကျပ်သိန်းပေါင်းခြောက်သောင်းရှစ်ထောင်)ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းရာ ပုဏ္ဏားကျွန်းမြို့ ရေခဲစက်လမ်း ရွာတောင်ပိုင်းရပ်ကွက်နေ ဦးစံအောင်ကျော်က ယာဉ်မောင်းနှင်ခ ငွေကျပ် ၂ သိန်းနှင့် ခရီးစရိတ် ငွေကျပ် ၂ သိန်း စုစုပေါင်း ငွေကျပ် ၄ သိန်းပေး၍ ၎င်းယာဉ်အား စစ်တွေမြို့မ ဈေးအနီး ပို့ဆောင်ပေးရန်နှင့် ပို့ဆောင်ခိုင်းသောနေရာသို့ ရောက်ရှိပါက လူတစ်ဦးက ဖုန်းဆက်ပြီး ယာဉ်ကိုလာရောက်ယူမည်ဟု မှာကြားလိုက်ကြောင်း ဇက်ကူးရန် ရေချမ်းပြင်ဆိပ်ကမ်းသို့ ရောက်ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား စစ်တွေမြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူထားပြီး ကျန်ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.