ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တည်ဆောက်လျက်ရှိသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲကို ဖီဖာ (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) ဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်...
နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ အရ အသုံး ခန့်မှန်းခြေ ငွေစာရင်း ကို ယမန်နှစ်ကထက် လျှော့ချ တောင်းခံထားသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်း...
နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်သော မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ တင်ပြမည့်ရက်ကို တိုးမြှင့်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ တွင် ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များ၊ အခက်အခဲများအပေါ် ပြင်ဆင်မှုများ ပြုလုပ်၍ ပိုမို ပွင့်လင်းမြင်သာ ရှိလာနိုင်မည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်လာနိုင်ရန် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီးရမိရေး အတွက် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်တွင် သေနတ်နှင့် ပစ်သတ်ခံရမှုအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေပြီး လုံခြုံရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် သီးနှံများ ပြန်လည် စိုက်ပျိုး ရန်နှင့် ပျက်စီးသွားသည့် တာတမံနှင့် လမ်း တံတားများ ပြန်လည် တည်ဆောက်ရန်အတွက် ပြည်ထောင်စု၏ သီးသန့်ရန်ပုံ ငွေမှ ကျပ်သန်း ၁၁၃၀၀ ကျော်...
နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကူညီရေး အစီအစဉ်များကို မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အီဇူမီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဂေါ်သဇင်လမ်းရှိ နေအိမ်တစ်လုံး၏ အပေါ်ဆုံးထပ်တွင် ယနေ့ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ပိုင်ရှင် ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သူမှာ မန္တလေးဇာတိမဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ပြောကြားသည်။