Connect with us

Sport

မြန်မာ ယူ-၁၈အသင်း လက်ထောက်နည်းပြအဖြစ် ပြင်သစ်နည်းပြ ဒူးမားစ်ကို ခန့်အပ်

ပြင်သစ်နည်းပြ ဒူးမားစ် ကို မြန်မာ ယူ-၁၈ လက်ထောက်နည်းပြအဖြစ်ခန့်အပ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၁၇ အာဆီယံ ယူ ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှ ယူ ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသော မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း၏ လက်ထောက်နည်းပြအဖြစ် ပြင်သစ်နိုင်ငံသား နည်းပြ ဖရန့်ခ် ဒူးမားစ်ကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ယခင် ယူ-၁၈ အသင်း၏ လက်ထောက်နည်းပြ ဖရန့်ခ်အင်နီကင် သည် ခွင့်ဖြင့် မိခင်နိုင်ငံသို့ခေတ္တပြန်စဉ်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချိန်ကြာမြင့်စွာ အနားယူရန်လိုအပ်လာခဲ့ခြင်းကြောင့် ၎င်း၏ နေရာတွင် ဒူးမားစ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒူးမားစ်သည် UEFA Pro License ရ နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားဘဝက ပြင်သစ်ကလပ် SM Caen, Monaco, Marseille, Lens နှင့် အင်္ဂလန်ကလပ် Newcastle United တို့တွင် ကစားခဲ့သူ ဖြစ်သည်။ နည်းပြဘဝကို ၂၀၀၅ ခုနှစ်တွင် SM Caen အသင်းကို စတင် တာဝန်ယူခဲ့ပြီး ၂၀၁၃-၂၀၁၄ တွင် Arles Avignon အသင်းတွင်လည်းကောင်း၊ ၂၀၁၄-၂၀၁၅ တွင် FES Morrocan အသင်းကိုလည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဂါနာနိုင်ငံ၏ လူငယ်ဘောလုံးဖွံဖြိုးရေးစီမံကိန်းများတွင် အကြံပေးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

၎င်း၏စာချုပ်သက်တမ်းမှာ ၈ လဖြစ်ပြီး၊ စွမ်းဆောင်ရည်ပေါ်မူတည်၍ နည်းပြချုပ်နှင့်အတူ စာချုပ်သက်တမ်းတိုးမတိုး ယခုနှစ်ပြိုင်ပွဲများ အပြီးတွင် စဉ်းစားဆုံးဖြတ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.