Connect with us

Environment, Disasters & Accidents

နှစ်ပေါင်း ၂၂ နှစ်အတွင်း ပခုက္ကူမြို့တွင် မိုးရေချိန် စံချိန်သစ်တင်

ပခုက္ကူမြို့တွင် မိုးကြီး၍ မြို့ထဲတွင်ရေတက်နေစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ပခုက္ကူမြို့တွင် (၂၂)နှစ်အတွင်း မေလအတွက် မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်တွင် မေ ၁၆ ရက် ည ၉ နာရီခွဲမှ မေ ၁၇ ရက် နံနက် ၆ နာရီအထိ မိုးများရွာသွန်းခဲ့ခြင်းဖြစ်သည်။ ပခုက္ကူခရိုင် မိုးလေဝသနှင့် ဇလဗေဒစခန်းကို ၁၉၉၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မိုးလေဝသနှင့် ဇလဗေဒ စခန်း၏ မှတ်တမ်းများအရ ၂ဝဝ၃ ခုနှစ် မေလတွင် ၃.၁၉ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။

ယမန်နေ့က ရွာသွန်းခဲ့သော မိုးရေချိန်ကို မေ ၁၇ ရက် နံနက် ၉ နာရီ တိုင်းထွာချက်အရ ၃.၅၄ လက်မရှိကြောင်း သိရသည်။ စခန်း ဖွင့်ပြီး နှစ်ပေါင်း (၂၂)နှစ်အတွင်း ရရှိသော မိုးရေချိန်စံချိန်သစ်မှတ်တမ်း သစ်တစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.