Connect with us

Environment, Disasters & Accidents

ဟုမ္မလင်းမြို့ အနောက်တောင်ဘက် ၁၀ မိုင်အကွာတွင် အင်အား ၄.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

မြေငလျင်ဗဟိုချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ မေလ (၁၈)ရက်နေ့ တွင် မြန်မာစံတော်ချိန် (၁၅)နာရီ (၁၃)မိနစ် (၃၇)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက်(၂၁၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(ဟုမ္မလင်းမြို့၏ အနောက်ဘက်(၁၀)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်အစောပိုင်းဖြစ်သည့် မြန်မာစံတော်ချိန် (၀၀)နာရီ (၁၅)မိနစ် (၅၂)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် မိုင်(၃၃၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.