Connect with us

Social

၅၀၀ တန်အောင်ဘာလေထီ ဆုမဲများတိုးမြှင့်ချီးမြှင့်ရန်ဆောင်ရွက်လျက်ရှိ

ထီထိုးနေသူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ကျပ် ၅ဝဝ တန် အောင်ဘာလေထီဆုမဲများကို တိုးမြှင့်ချီးမြှင့်ပေးရန် ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

လက်ရှိတွင် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဆုမဲများကို အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းအပါအဝင် ကျပ်သိန်းငါးထောင်စု တစ်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု တစ်ဆု၊ ဆုတစ်ဆုချင်း စနစ်တွင် ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်ဆယ်သိန်းဆု၊ ဝေဝေ ဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်းဆု၊ ကျပ်တစ်သိန်းဆု၊ ကျပ်ငါးသောင်းဆုတို့ဖြစ်ပြီး ထီလက်မှတ် ရောင်းချခဲ့သည့်အပေါ်မူတည်၍ ထီလက်မှတ်စာအုပ်ရောင်းရငွေပေါင်းမှ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေပေးရာ ဆုမဲပေါင်းတစ်သိန်းဝန်းကျင်ခန့် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆုမဲများခွဲဝေပေးအပ်လျက်ရှိရာတွင် အမြင့်ဆုံးဆု ကျပ်သိန်းတစ်သောင်းဆုအပြင် ကျပ်သိန်း ငါးထောင်ဆု နှစ်ဆုခန့်၊ ကျပ်သိန်း သုံးထောင်ဆု သုံးဆုခန့်၊ ကျပ်သိန်း တစ်ထောင်ဆုတို့အပြင် ဆုမဲများကို ဝေဝေဆာဆာတိုးမြှင့်ပေးအပ်သွားရန် စီစဉ်လျက်ရှိသည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်တွင် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့သည့် (၁) ကြိမ်မြောက် ကျပ် ၅ဝဝ တန် ထီဖွင့်ပွဲတွင် အထူးဆုကြီးများအပါအဝင် ဆုမဲပေါင်း တစ်သိန်းကျော်အထိ ခွဲဝေချီးမြှင့်နိုင်ခဲ့ပြီး မေ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် (၂)ကြိမ်မြောက်တွင် ထီရောင်းရသည့်ငွေအပေါ် ထီဆုငွေများ ပြန်လည်ခွဲဝေပေးရာတွင် ဆုမဲပေါင်း ၉ဝဝဝဝ ကျော် ချီးမြှင့်ခဲ့သည်။ လာမည့် ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည့် (၃)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီဖွင့်ပွဲတွင် ရောင်းချရသည့် ထီလက်မှတ်များနှင့် ရောင်းရငွေများကို မကြာမီထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ဆက်လက်၍ ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာအလုံးရေ တိုးမြှင့်ရောင်းချခြင်းနှင့်အတူ ထီဆုမဲများကို တိုးမြှင့်ချီးမြှင့်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.