Connect with us

Sport

ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲ ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပမည်

World Lethwei Championship (WLC 2) ပြိုင်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- World Lethwei Championship )

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲဖြစ်သည့် World Lethwei Championship (WLC 2)ပြိုင်ပွဲကို ဇွန် ၁ဝ ရက် ညနေ ၆နာရီတွင် ရန်ကုန်မြို့ သုဝဏ ္ဏမိုးလုံ လေလုံ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း WLC (World Lethwei Championship) ဖေ့ဘုတ်တွင် သတင်းထုတ်ပြန်သည်။

အဓိကပွဲစဉ်များအဖြစ် လိုက်မစ် ဒယ်ဝိတ်တန်း(၆၇-၇၁ ကီလို)တွင် စိုးလင်းဦးနှင့် ပိုလန်နိုင်ငံသား ဆာလာ ဒိုက်စ် တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လိုက်မစ်ဒယ်ဝိတ် တန်း (၇၁-၇၅ ကီလို) တွင် လက်ဝှေ့ကစား သမားဘဝတစ်လျှောက် ရှုံးပွဲ လုံးဝမရှိထားသူ တူးတူးနှင့် ပြင်သစ်မှ ဂျိမ်းစ်ဘီနယ်လ် ၊ လိုက်မစ်ဒယ်ဝိတ်တန်း(၆၇-၇၁ ကီလို)တွင် ကြယ်လင်း အောင်နှင့် အမေရိကန်မှ ဘရန့် ဘိုစတာ၊ လိုက်မစ်ဒယ်ဝိတ်တန်း (၆၇-၇၁ ကီလို)တွင် ဖိုးသော်နှင့် သြစတြေးလျမှ ဂျို့ဖစ်ဇ်ရွိုင်းတို့ ငါးချီပွဲစဉ်များ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

နဂါးမာန်ကလပ်မှ တူးတူးနှင့် ယှဉ်ပြိုင်ရမည့် ပြင်သစ်နိုင်ငံသား ဂျိမ်းစ်ဘီနယ်လ်မှာ မွေထိုင်း ကစားသမား တစ်ဦးဖြစ်ပြီးထိုင်းမှ ဆူစခေါ်နှင့် လက်ရည်တူယှဉ်ပြိုင် ခဲ့ဖူးသည်။ တောင်ကလေးကလပ်မှ ကြယ်လင်းအောင်နှင့် ယှဉ်ပြိုင်ရမည့် ဘရန့် ဘိုစတာမှာ ထိုင်းနိုင်ငံ၌ အခြေချပြီး မွေထိုင်းလက်ဝှေ့ပွဲတွင် ယှဉ်ပြိုင်နေသူဖြစ်သည်။ အဓိက တွဲဆိုင်းအဖြစ် စိုးလင်းဦးနှင့် ယှဉ်ပြိုင်မည့် ဆာလာဒိုက်စ်သည် ပိုလန်နိုင်ငံသားဖြစ်သော်လည်း ဗြိတိန်နိုင်ငံ၌ အခြေချနေထိုင်ကာ တိုက်ခိုက်ရေးပြိုင်ပွဲများ ယှဉ်ပြိုင်နေသူဖြစ်ပြီး ဗြိတိန် K1 ချန်ပီယံဆုနှင့် ဗြိတိန်မွေထိုင်း ချန်ပီယံဆု တို့ကို ရရှိထား သူဖြစ်သည်။

ဆာလာဒိုက်စ်သည် ကစားသမားဘဝ တစ်လျှောက်ပွဲပေါင်း ၂ဝ ယှဉ်ပြိုင်ခဲ့ရာတွင် ၁၅ ပွဲနိုင် ငါးပွဲရှုံးမှတ်တမ်း ရှိထားသူ ဖြစ်သည်။

WLC 2 ပြိုင်ပွဲတွင် အမှတ်ပေး စနစ်ကို အသုံးပြု သွားမည်ဖြစ်ပြီး ပွဲစဉ်တိုင်းတွင် အလဲထိုး၊ အနိုင်ထိုး အနိုင်ရရှိသူကို ငွေ ကျပ် တစ်သိန်း၊ တံတောင် တိုက်ကွက်ဖြင့် အလဲထိုး အနိုင်ရရှိသူကို ငွေကျပ် နှစ်သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လိုက်မစ်ဒယ်ဝိတ်တန်း(၆၇-၇၁ ကီလို) ငါးချီတွင် သွေးသစ်ဝင်းလှိုင်(Adventure)နှင့် ရွှေရာမာန် (1886 Mandalay) ၊ဝယ်တာဝိတ်တန်း (၆၃ ဒသမ ၅ – ၆၇ ကီလို) ငါးချီတွင် ထက်အောင်ဦး (တောင်ကလေး) နှင့် ကျားပေါက် (ရန်စစ်ငြိမ်း)၊ ဝယ်တာ ဝိတ်တန်း (၆၃ ဒသမ ၅ – ၆၇ ကီလို) ငါးချီ တွင် စိန်မျိုးအောင် (ဗမာ့သွေး)နှင့် ဖိုးလပြည့် (ရွှေဖူး)၊ မစ်ဒယ်ဝိတ်တန်း (၇၁-၇၅ ကီလို) လေးချီတွင် ပိုက်ထွေး ((T&Tသထုံ)နှင့် ရဲရင့်အောင် (အဖြူရောင်သွေးသစ်)၊ ဝယ်တာဝိတ်တန်း (၆၃ ဒသမ ၅ – ၆၇ ကီလို) လေးချီပွဲတွင် စည်သူ (T&Tသထုံ)နှင့် ရှမ်းလေး (ဘိလပ်မြေ စက်ရုံ)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.