Connect with us

Environment, Disasters & Accidents

NLD နာယက ဦးတင်ဦး ကျန်းမာရေး ကုသစောင့်ရှောက် ခံယူနေပြီး သတိကောင်းစွာ မရရှိသေးဟုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) နာယက ဦးတင်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေမှာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဌာနတွင် ကုသ စောင့်ရှောက်မှု ခံယူနေဆဲ ဖြစ်ပြီး သတိကောင်းစွာ မရရှိသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ယနေ့မေ ၁၈ ရက် နေ့လည်ပိုင်း အချိန်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

“အဘ ဦးတင်ဦးက အသက်ကလဲ ကြီးတယ်။ရောဂါ အခံတွေကလဲ ရှိတော့ မြန်မြန် ပြန်ပြီး ကောင်းလာဖို့ အတွက် နည်းနည်း ကြာတာပေါ့။ အခုတော့ အထူးကြပ်မတ် ကုသဆောင်မှာပဲ ထားပြီး ကုသနေတယ်။ သတိကောင်းကောင်း မရသေးဘူး။စကားတွေ ဘာတွေ မပြောနိုင်ဘူး။ဦးဏှောက်ကို ပို့တဲ့ သွေးကြောမှာ သွေးခဲ ပိတ်တယ်လို့တွေ့ရတယ်။အဲဒါအတွက် ကျွန်တော်တို့စောင့်ကြည့်နေတယ်။လိုအပ်တဲ့ စားဆေး ၊ ထိုးဆေးတွေ ပေးထားတယ်။ကျွန်တော်တို့ဘက်ကိုတော့ မပါသေးဘူးပေါ့။လုံး၀ စိတ်မချရသေးဘူး။”ဟု ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောသည်။

နာယက ဦးတင်ဦး ကျန်းမာရေး ကုသမှု ခံယူနေသည့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဌာနအား တွေ့ရစဉ်(ဆင်ဟွာ)

NLD နာယက ဖြစ်သူ ဦးတင်ဦးသည် အသက်အရွယ်အားဖြင့် ၉၁ နှစ် ရှိပြီ ဖြစ်ပြီး သွေးတိုး ၊ နှလုံးရောဂါ အခံများ ရှိသည့် အတွက် ကုသရာတွင် အနည်းငယ် အခက်အခဲ ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြား ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးသည် မေ ၁၇ ရက် ညပိုင်း အချိန်တွင် ၎င်း၏ နေအိမ်၌ ချော်လဲ၍ သတိလစ် သွားခဲ့ရာ ရွှေဂုံတိုင် SSC ဆေးရုံ သို့ပို့ဆောင် ကုသရာမှ တဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင် ကုသခဲ့ဲခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.