ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်းအပိုင်း (၂)၊(၃)နှင့် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာများမှ အခန်းပေါင်း သုံးထောင်ကျော်ကို ဧပြီလတွင် ် ရောင်းချသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နှင့် ကျောက်မဲမြို့များတွင် မြန်မာ့တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေးမှ သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာ အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်မျက်ရတနာများ ကို တန်ဖိုးမြင့် အချောထည်များ အဖြစ် ထုတ်လုပ် ပို့ဆောင်နိုင်ရန် သစ်တော၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေကြာပင် ကျောက်မျက်...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ပြည်တွင်း ရွှေ့ပြောင်း သွားလာခြင်းသည် ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြု နေပြီး ရန်ကုန်တိုင်းဒေသကြီးသို့ လွန်ခဲ့သည့်(၅)နှစ်အတွင်း ရွှေ့ပြောင်းလာကြသူ အများစုသည် ဧရာဝတီ တိုင်းဒေသကြီးမှ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သော ရွှေ့ပြောင်းသွားလာ ခြင်းနှင့်...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း မူးယစ်ဆေးဝါးမှု ၆၈၃ မှုတွင် တရားခံပေါင်း ၁၃၂၆ ဦးကို အမှုဖွင့် အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မူးယစ်ဗဟို)ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ပြည်တွင်းမှ အသေးစားနှင့် လက်လုပ်လက်စားသတ္တုတူးဖော်သူများသည် ပြုပြင်ရေးဆွဲထားသောသတ္တုတူးဖော် ရေးဥပဒေသစ်အရ ပြည်ထောင်စုအစိုးရထံတွင် လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားရန် မလိုအပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) နောက်လေးနှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၏ များပြားသော လူငယ်ထုကြီးအတွက် အလုပ် အကိုင် နေရာသစ်ပေါင်း တစ်သန်းလိုအပ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံ ၇၂ ရုံမှ အရေးပေါ်ဌာနများကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်ရှိ မုတ္တမ ပင်လယ်ကွေ့ ဒေသအား မြန်မာနိုင်ငံ၏ တတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ က သဘောတူ လိုက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ ထားကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် စပ်လျဉ်း၍ မဟာဗျူစာ ရူ့ထောင့်မှ လေ့လာ သုံးသပ်အကြံပေးရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ပြီး ဇန်နဝါရီ ၁၀ရက်နေ့က နိုင်ငံတော် သမ္မတက ခန့်အပ်လိုက်သည်။