Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း မာရသာ အရေးပေါ်တုံ့ပြန်နိုင်ရေးဆွေးနွေး

အနီရောင်အဆင့် သတိပေးထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်းသည် ၁၆ ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင် ရွက်ရေး အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆိုင်ကလုန်းမာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင် ရွက်ရေး အတွက် အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲ ၁၁ နာရီခွဲတွင် နေပြည်တော် ရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ နောက်ဆုံးတိုင်းထွာချက်များအရ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ၁၆ ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါမုန်တိုင်း နှင့် ပတ်သက်၍ မိုးဇလ မှ အနီရောင်အဆင့်ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.