ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ် တောင်ပိုင်းအလုပ်အမှု ဆောင်အဖွဲ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအလုပ်အမှုဆောင်အဖွဲ့များကို အသီးသီး အသစ်ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း NLDပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင်း ပြောင်းလဲပြေးဆွဲနေသော YBS ယာဉ်များနှင့် ပတ်သက်၍ တိုင်ကြားမှုများကို ယခင် မထသ ဥပဒေဖြင့် ဆက်လက်အရေးယူရန် ဥပဒေချုပ်ရုံးသို့ တင်ပြထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မောင်တောခရိုင်အတွင်း ယခင်က ထုတ်ပြန်ခဲ့သည့် ည ၇ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီကာလအတွင်း ညမထွက်ရအမိန့်အစား ယခုအခါ ည ၉ နာရီမှ နံနက် ၅ နာရီထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ထပ်မံ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) မိုင်းရှင်းလင်းရေးသည် ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းဖြစ်သည့် အတွက် တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တို့ နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော် အနေဖြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီ လ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U )သည် ဘတ်ဂျက်ကိစ္စ၊ အစည်းအဝေးတစ်ခု နှင့် တစ်ခုကြား အခြေအနေတို့အပါအဝင် အဓိကအချက်သုံးချက်အားဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card) စိစစ်ထုတ်ပေးခြင်းလုပ်ငန်းများအားအရှိန်အဟုန်ဖြင့် လျင်မြန်ပြီးမြောက် အောင်မြင်စွာ ထုတ်ပေးနိုင် ရေးနယ်လှည့်ကွင်းဆင်း၍ဆောင်ရွက်နိုင်ရန်“ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား စိစစ် ထုတ်ပေးရေး ဦးဆောင်အဖွဲ့” ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် ပြည်ထောင်စု၏ အခွန် ကောက်ခံရရှိမှုသည် မူလ လျာထားချက်၏ ၁၁၈ ဒသမ ၉၈ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၂၅၄၈ ဒသမ ၄၀၁ ဘီလီယံ ရရှိခဲ့ကြောင်း၊...
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် နှစ်ဦးလဖြစ်သည့် ဇန်နဝါရီလတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မီးလောင်မှု (၁၇၈) ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး (၁၇၆,၃၂၄,၈၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုများကြောင့် (၁၈၁) ဦးကို အမှုဖွင့် အရေးယူခဲ့ရ ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခွန်လွတ်ဈေးအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဖေဖေါ်ဝါရီလ ၇ ရက်၊ ည ၈ နာရီဝန်းကျင်ခန့်က ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။