Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မီးလောင်မှု၊ ကျပ်သိန်းပေါင်း ၄၉၀၀ ဆုံးရှုံးမှုရှိကြောင်းမီးသတ်တပ်ဖွဲ့မှထုတ်ပြန်

ကျောက်တော်မြို့မီးလောင်မှုမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ မြို့ပြင်ရှိ ဆီဆိုင်တန်း မီးလောင်မှုဖြစ်စဉ်တွင် ကျပ်သိန်းပေါင်း ၄၉၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း၊ ပ-၉၁/၂၀၁၇/၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “ဒီမီးလောင်မှုက ဒီနှစ်ထဲမှာဆိုရင် ဒီနေ့အထိ မီးလောင်မှုဖြစ်စဉ်တွေမှာ ဆုံးရှုံးမှုတန်ဖိုးများပြားတဲ့ မီးလောင်မှုဖြစ်စဉ်တစ်ခုလို့ပြောလို့ရပါတယ်’’ ဟုပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်နေ့ ၆း၃၀ နာရီ တွင် ပြည်တော်သာရပ်ကွက်၊ မြို့ပြင်ရှိ ဆီဆိုင်တန်းမီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် ကျောက်တော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃စီး၊ မြောက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂စီး၊ ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂စီး၊ စစ်တွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၉စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည၉း၁၅ နာရီအချိန် တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

မီးလောင်မှုအကြောင်းရင်းမှာ နေပူမိထားသော ဆီပေပါထဲသို့ ဆီဘောက်ဆာမှ အက်ကြိုးမချဘဲ ဆီဖြည့်စဉ် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၈x၈)ပေ သွပ်မိုး၊ ထရံကာ မြေစိုက် ဆိုင်ခန်း ၄၁ခန်း၊ စက်သုံးဆီ ပေပါ ၂၅၀၀လုံးခန့်နှင့် အင်ဂျင်ဝိုင်ပေပါ ၁၀၀ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.