Connect with us

Politics, Law & Military

၂၀၁၇ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကို ကျပ် ၃၀၃ ဘီလျံခန့် ဖြတ်တောက်ပြီး အတည်ပြု

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ကျင်းပနေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ)

မူလက တင်ပြ တောင်းခံငွေပေါင်း ကျပ် ဘီလျံ နှစ်သောင်းကျော်ခန့်ရှိသည့် ၂၀၁၇ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ကျပ် ၃၀၃ ဘီလျံခန့်ဖြတ်တောက်ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခဲ့သော ၂၀၁၇ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ သုံးငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ပြင်ဆင် အဆိုပြုချက်များအတိုင်း သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရ အဖွဲ့အစည်း အသီးသီးက သဘော တူညီချက် အရ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစိုးရအဖွဲ့၏ ဝန်ကြီးဌာနများကို ဖြတ်တောက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဖြတ်တောက်ခံရမှု ပမာဏ အများဆုံး ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ပြင်ဆင် အဆိုပြုချက် ဇယားတွင် ဖော်ပြ ပါရှိသည်။ ၎င်းဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ် ၁၁၆ ဒသမ ၇၁၅ ဘီလျံ၊ သာမန် သုံးငွေမှ ကျပ် ၂ ဒသမ ၁၁၃ ဘီလျံ၊ ထောက်ပံ့ငွေမှ ကျပ် ၉ ဒသမ ၅၁ ဘီလျံ ဖြတ်တောက်ခံရပြီး ကြွေးမြီ ချေးယူငွေမှလည်း ကျပ် ၁၀၁ ဒသမ ၃၄ ဘီလျံ ဖြတ်တောက်ခံရခြင်းဖြစ်သည်။

ထိုသို့ဖြတ်တောက်ရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သာမန် သုံးငွေမှ ကျပ် ၁၄၃ ဒသမ ၅ သန်း၊ ငွေလုံးငွေရင်းသုံးငွေမှ ကျပ် ၂၉၁ သန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေမှ ကျပ် ၅၄၅၃ ဒသမ ၀၄၈ သန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနသာမန်သုံးငွေမှ ကျပ် ၁၄၃၉ ဒသမ ၉၉၇ သန်း၊ ငွေလုံးငွေရင်းသုံးငွေမှ ၃၁၀၅ ဒသမ ၈၅၅ သန်း၊နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန မှ ကျပ် ၇၅ သန်း၊သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကျပ် ၃၂၁၂ ဒသမ၈၁၆ သန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ကျပ် ၆၄၅ ဒသမ ၅၄၈ သန်း၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျပ် ၂၁၆ ဒသမ ၇၅၈ သန်း ၊ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကျပ် ၁၉၈၇ ဒသမ၇၀၄ သန်း လျော့ချဖြတ်တောက်ခဲ့ကြောင်း ကော်မတီ၏ ပြင်ဆင် အဆိုပြုချက် ဇယားတွင် ဖော်ပြ ပါရှိသည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကျပ်၃၆ ဒသမ ၄၀၉ သန်း၊ ပညာရေးဝန်ကြီးဌာန မှ ကျပ် ၇၁၀၀ ဒသမ၄၉၀ သန်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ကျပ်သန်း၁၇၈၇ ဒသမ ၈၈၁ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှကျပ် ၅၀၇၂ ဒသမ ၀၄၁ သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှကျပ် ၉၁၅၈ ဒသမ ၇၆၈ သန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျပ် ၆၉၀ ဒသမ ၉၂၇သန်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန မှ ကျပ် ၆၇ဒသမ ၂၀၀ သန်း တို့ကို ၎င်းတို့၏ ငွေလုံးငွေရင်းအသုံးစရိတ်မှလွှတ်တော်က လျော့ချဖြတ်တောက်ခဲ့သည်။ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော် သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီး ဝန်ကြီးဌာနတို့၏ တင်ပြ တောင်းခံမှုကိုမှု ဖြတ်တောက်ခြင်းမရှိခဲ့ပေ။အဆိုပါ ဘတ်ဂျက်တွင် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ အတွက်ဘတ်ဂျက် အသုံးစရိတ်၏ ၁၃ ရာခို်င်နှုန်း ကျော် သုံးစွဲမည်ဖြစ် ပြီးကျန်းမာရေးနှင့်အားကစားကဏ္ဍအတွက် ၈ ဒသမ ၄ ရာခိုင်နှုန်း၊ပညာရေးကဏ္ဍအတွက် ၅ ဒသမ ၂ ရာခိုင်နှုန်းတို့ကိုသုံးစွဲမည်ဖြစ်သည်။ (Xinhua)