ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဈေးကွက်ထဲတွင် Huawei ဟန်းဆက်အဟောင်းများကို ပြန်လည်ပြုပြင်၍ ရောင်းချနေမှုများ ရှိနေသည်ကို တွေ့ရသဖြင့် Huawei သုံးစွဲသူများအနေဖြင့် တရားမဝင်ဟန်းဆက်များ၊ အရည်အသွေးမမီသော ဟန်းဆက်များကို ဝယ်ယူမိသော ဖြစ်ရပ်များမဖြစ်ပွားစေရန် Huawei ဟန်းဆက်များ တရားဝင်ဟုတ်မဟုတ်ကို IMEI Code ဖြင့် စစ်ဆေးနိုင်ကြောင်း...
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခရိုင်၌ အမှိုက်တန် ၅ဝဝ မီးရှို့နိုင်သော အမှိုက်မီးရှို့စက် တစ်လုံးစီကို နှစ်အလိုက် တည်ဆောက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၃ဝ ဦးကို အစားထိုး ပြောင်းလဲလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစတင်၍ ယနေ့အထိ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲဝန်ထမ်းနှင့် တပ်မတော်မှ အရာရှိ/စစ်သည် ၁၇ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) လမျက်နှာပြင်အား ကမ္ဘာမှ အနီးဆုံး မြင်တွေ့ရမည့် စူပါမွန်း(Supermoon) ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေး များအား သတိပြုရန် လိုအပ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ဆင်ဟွာသို့ယနေ့နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်း လပြည့်နေ့)တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် ကမ်းနားလမ်းညဈေးကို နိုဝင်ဘာ ၂၁ ရက်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) မြန်မာ(၁၂)လရာသီတွင် တန်ဆောင်မုန်းလ သည် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများအား ကျင်းပ ဆင်နွဲကြသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသော (၃၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောင်မြေနေရာတွင် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီမှ စတင် ယှဉ်ပြိုင် လျက်ရှိပြီး နိုဝင်ဘာ ၁၄...
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဓာတ်ခွဲခန်းအသစ်ကို ၂ဝ၁၇ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် (FDA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ရုံးများစိုက်ရာမြို့တော်ဖြစ်သည့် နေပြည်တော်ကို Green City Tour ခရီးစဉ်တွင် ထည့်သွင်းမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။