Connect with us

Politics, Law & Military

မိုင်းရှင်းလင်းရေးသည် ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းဖြစ်သည့် အတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်မည်

သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးဝဏ္ဏအောင် နှင့် ဒေါက်တာရွှေခါးတို့မှ မီဒီယာအားဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

မိုင်းရှင်းလင်းရေးသည် ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းဖြစ်သည့် အတွက် တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တို့ နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောသည်။

ဗိုလ်မှူးကြီး ဝဏ္ဏအောင် “လူသွားလူလာ အဓိက ကျသည့်နေရာများ ၊ လမ်းများအား ဒေသဖွံ့ဖြိုးရေးအတွက် ရှင်းပရမှာဖြစ်တယ်။ ပြည်သူလူထု အဓိက သွားလာတဲ့ နေရာတွေကို ဦးစားပေး ကနဦးအဆင့်အနေနဲ့ ဦးစားပေးပြီးဆောင်ရွက်သွားမည်’’ ဟုပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ ဘာပဲလုပ်လုပ် နှစ်ဖက်ညှိနှိုင်းပြီးတော့မှပဲ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ-မိုင်းကိစ္စဆိုရင်လည်း သက်ဆိုင်ရာ အဖွဲ့နှစ်ဖက် အဖွဲ့အစည်းကနေ သူတို့ နေရာရော၊ အချိန်ရော သတ်မှတ်ပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်ဖက်ကနေ ဒီနေရာမှာပဲ လုပ်မယ်ဆိုတာမျိုးတော့လုပ်လို့မရဘူး။ လက်ရှိအခြေအနေက နှစ်ဖက်ညှိနှိုင်းဆဲအဆင့်ပဲရှိပါသေးတယ်’’ ဟုမီဒီယာများအားဖြေကြားခဲ့သည်။

နော်ဝေမှ မိုင်းရှင်းလင်းရေး နှင့် ပတ်သက်သည့် ပြည်ပလေ့လာရေးအား ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံသို့ လေ့လာရေး ဖိတ်ကြားခဲ့တာရှိကြောင်း၊ တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို လာရောက်ပြီးတော့လေ့လာရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ အဆိုပါပြည်ပလေ့လာရေးနှင့် သင်တန်းအား တပ်မတော်သား ၂၀ ဦးအား ရွေးချယ်ကာ စေလွှတ်မည်ဖြကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ညှိနှိုင်းပြီး ရွေးချယ်ထားသည့်သူများအား JMC-U ကို ပြန်လည်တင်ပြပြီးပါက လေ့လာရေးခရီးအား တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.