Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းလာရောက်ကြည့်ရှု့သူ ၆ ရာခိုင်နှုန်းသာရှိဟု ကော်မရှင် ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ- ရွေးကောက်ပွဲ ကော်မရှင်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းလာရောက်ကြည့် ရှု့သူအရေအတွက်သည် မဲဆန္ဒရှင်များ၏ ၆.၀၁ရာခိုင်နှုန်းသာရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ထုတ်ပြန်ကြေညာသည်။

အခြေခံမဲဆန္ဒရှင်စာရင်းစတင်ကပ်ထားသော ဖေဖော်ဝါရီ ၁ရက်နေ့မှ ၇ရက်နေ့ထိ လာရောက်ကြည့်ရှု့သူ ၆.၀၁ရာခိုင်နှုန်းသာရှိပြီး မိမိနာမည်မပါဝင်သဖြင့် မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန် ပုံစံ(၃) တောင်းယူသူ ၂.၇ ရာခိုင်နှုန်း၊ မဲစာရင်းတွင် မပါသင့်သူပါဝင်နေမှုအား ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ဝ.၅ရာခိုင်နှုန်း၊ မဲစာရင်းတွင် အချက်အလက်များမှားယွင်းနေသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် တင်သွင်းသူ ၁.၆ ရာခိုင်နှုန်း သာရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ပေါ်စေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် တစ်ဦး မပျက်မကွက် ကြည့်ရှု့ပြီး မဲစာရင်း တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြုလုပ်ပေးရန် ရွေးကောက်ပွဲကော်မရှင်က နှိုးဆော်ထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117