Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင်း ညမထွက်ရအမိန့် အချိန်ပြောင်းလဲ

မောင်တောမြို့အ၀င် ဆိုင်းဘုတ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

မောင်တောခရိုင်အတွင်း ယခင်က ထုတ်ပြန်ခဲ့သည့် ည ၇ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီကာလအတွင်း ညမထွက်ရအမိန့်အစား ယခုအခါ ည ၉ နာရီမှ နံနက် ၅ နာရီထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ထပ်မံ ပြင်ဆင်ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။

ပြည်သူများ သွားလာရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ၅ ဦး(သို့မဟုတ်) ၅ ဦးထက်ပိုသော လူများစုဝေးခြင်း မပြုလုပ်ရန်နှင့် အချိန်ပြောင်းလဲ သတ်မှတ် ထုတ်ပြန်သည့်အမိန့်သည် ယနေ့မှစ၍ ၂ လပြည့်မြောက်သည်အထိ အတည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြား စောင့်ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေရုံး၊ ကိုးတန်ကောက်ရဲကင်းစခန်းတို့အား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မောင်တောခရိုင်အတွင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက် တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ – ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာအထွေထွေအမှု အမှတ် (၂/၂၀၁၆) ကို မောင်တော ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ -၁၄၄ ၊ ပြစ်မှု ဆိုင်ရာ အထွေထွေအမှုအမှတ်(၁/၂၀၁၇)ဖြင့် ဇန်နဝါရီ ၉ရက် တွင် ပြင်ဆင်ထုတ်ပြန်လိုက်သည်။

ယင်းညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်ပါက မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရတစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ စီဒဏ်ငွေ ကျခံရနိုင်ကြောင်း သိရသည်။(Xinhua)