Connect with us

Social

YBSယာဉ်များအပေါ် တိုင်တန်းမှုများအား မထသ ဥပဒေဖြင့် အရေးယူနိုင်ရန် စီစဉ်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBSယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင်း ပြောင်းလဲပြေးဆွဲနေသော YBS ယာဉ်များနှင့် ပတ်သက်၍ တိုင်ကြားမှုများကို ယခင် မထသ ဥပဒေဖြင့် ဆက်လက်အရေးယူရန် ဥပဒေချုပ်ရုံးသို့ တင်ပြထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းတိုင်ကြားမှုများကို ယခင် မထသ ဥပဒေ ၁၃၈ ချက်ဖြင့် ဆက်လက် အရေးယူဆောင်ရွက် သွားမည်ဖြစ်သောကြောင့် ယင်းဥပဒေကို ဥပဒေချုပ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။

လက်ရှိတွင် YBS ယာဉ်များနှင့် ပတ်သက်ပြီး ခရီးသည်များ တိုင်ကြားမှုပေါင်း ၄ဝဝ နီးပါးအထိ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။

အဆိုပါယာဉ်များကို အနည်းဆုံး ဒဏ်ကြေးငွေ ကျပ် သုံးသောင်းမှ သိန်း ၅ဝ အထိဒဏ်ရိုက်နိုင်ပြီး ထောင်ဒဏ် တစ်လမှ ခြောက်လထက် မပိုသော ထောင်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.