Connect with us

Politics, Law & Military

NLD ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့များ အသစ်ပြန်လည်ဖွဲ့စည်း

ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့များ အသစ်ပြန်လည်ဖွဲ့စည်းထားသော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-NLD )

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ် တောင်ပိုင်းအလုပ်အမှု ဆောင်အဖွဲ့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအလုပ်အမှုဆောင်အဖွဲ့များကို အသီးသီး အသစ်ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း NLDပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဦးဇော်မင်းလတ် အပါအဝင် အဖွဲ့ဝင် ၁၄ဦးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းအလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဦးစိုင်းစံတွီအပါအဝင် အဖွဲ့ဝင် ရှစ်ဦးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းအလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်းလတ် အပါအဝင် အဖွဲ့ဝင် ခြောက်ဦးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းမြင့်မောင်အပါအဝင် အဖွဲ့ဝင် ရှစ်ဦးဖြင့် လည်းကောင်း အသီးသီး ပြန်လည်ဖွဲ့စည်းပေးလိုက်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117