ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အရေးပေါ် စီမံမှု အက်ဥပဒေ ကို ရုပ်သိမ်းသည့် ဥပဒေအား နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းကို ကာလတို ငါးနှစ်ကာလအတွင်း အဆင်မြှင့်တင်သွားမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန် – မန္တလေးကို ရထားဖြင့် ရှစ်နာရီအတွင်း ရောက်ရှိစေမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြည်သူ့...
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် သြဂုတ်လအတွင်း မူးယစ်ဆေးဝါးမှု ၁၀၃၉ မှုအား ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်၌ အများဆုံး ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ယူနက်စကိုက လာရောက် စစ်ဆေးထားသော ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိ ဘုရားစေတီ ပုထိုးများနှင့် ပတ်သက်သည့် အစီရင်ခံစာမှာ မကြာမီ ထွက်ရှိမည် ဖြစ်ကြောင်း ယူနက်စကို ၏ ယဉ်ကျေးမှုဌာန အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး ထံမှ...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) လမ်းစည်းကမ်းချိုးဖောက်သော မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ ဒဏ်ကြေးငွေများ နှစ်ဆတိုးမြှင့်ဒဏ် ရိုက်ကောက်ခံခဲ့ရာ စက်တင်ဘာလအတွင်း အမှုပေါင်း ၅၂၈၇မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော တိုင်းရင်းဆေးဝါး ၂ မျိုးတွင် အနောက်တိုင်းဆေး ရောနှော ထားကြောင်း စိစစ် တွေ့ရှိရသဖြင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်းနှင့် သတိပြု ဝယ်ယူသုံးစွဲနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အကြပ်၊ စစ်သည် ၅၄၀၂ဦးကို တစ်ဆင့်မြင့် ရာထူးအဆင့်များအဖြစ် အောက်တိုဘာ ၁ရက်နေ့မှ စတင်ပြီး တိုးမြှင့်ပေးအပ်လိုက်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အခြေခံပညာ ဥပဒေ ရေးဆွဲရာတွင် ကောင်းမွန် ပြည့်စုံပြီး လူထု သဘောထား အမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်း ပါဝင်မှုများ ထင်ဟပ်သော ဥပဒေကောင်း တစ်ရပ် ပေါ်ထွန်းရေးအတွက် လူထု လူတန်းစား အလွှာစုံပါဝင်သော အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ဒေါင်းကောင်ရေ လျော့ကျမှုများ ဖြစ်ပေါ်နေ ကြောင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ သမဂ္ဂက သတင်းထုတ်ပြန် ချက်အရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရှိ ကျိုက်ထီးရိုး စေတီတော် သို့ ယခုနှစ် အတွင်း လာရောက် ဖူးမြော်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ထဲတွင် ထိုင်းနိုင်ငံသား များမှာ အများဆုံး ဖြစ်ပြီး တစ်လလျှင် ပျမ်းမျှ ထိုင်းနိုင်ငံသား...