Connect with us

Politics, Law & Military

မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို လစာနှစ်ဆ တိုးပေးမည်

ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော အဆင့်အလိုက် ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား လက်ရှိ ရရှိနေသော မူရင်းလစာ၏ နှစ်ဆ တိုးပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“ဟုတ်တယ်။ အဲဒီဘက်ပိုင်းကိုတော့ အထူးအနေနဲ့ ပေးဖို့ လုပ်ထားတယ်။ အဲလိုမျိုး တိုးပေးမယ်ဆိုတာတော့ ကျွန်တော်တို့ သိတယ်” ဟု ၎င်းက ပြောကြားပါသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော အဆင့်အလိုက် ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ နှစ်ဆအား ထောက်ပံ့ငွေအနေဖြင့် ပြောင်းလဲခံစား ခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ နိုင်ဝင်ဘာ ၁၁ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိအခြေအနေအရ မောင်တောခရိုင်အတွင်းရှိ မြို့ကျေးရွာအုပ်စုများအားလုံးတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအားလုံးကို ၂၀၁၆ ခုနစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ရာထူးအဆင့်အလိုက် မူရင်းလစာ၏ နှစ်ဆအား အထူးကိစ္စရပ်အနေဖြင့် ပြောင်းလဲပြင်ဆင်ခံစားခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.