Connect with us

Social

မြိတ်ကျွန်းစုသို့ကမ္ဘာလှည့်ခရီးသွား ယခုနှစ် အတွင်း စက်တပ်ရွက်လှေ ၃၂၅ စီးနှင့် ဧည့်သည် ၂၆၁၀ ဦး ဝင်ရောက်

မြိတ်ကျွန်းစု အတွင်းသို့ ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက် လည်ပတ်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Hotels & Tourism)

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုအတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ ယခုနှစ် အတွင်း ဇန်နဝါရီလမှ အောက်တိုဘာလ အထိ စက်တပ်ရွက်လှေ ၃၂၅ စီးနှင့် ဧည့်သည် ၂၆၁၀ ဦး ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလတွင် ယခင်နှစ် ကာလတူထက် ပိုမို ဝင်ရောက်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြိတ်ကျွန်းစုအတွင်းသို့ ယခုနှစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလ၌ စက်တပ်ရွက်လှေ ၂၅ စီးနှင့် ကမ္ဘာလှည့် ခရီးသွား ၁၉၃ ဦး ဝင်ရောက်ခဲ့ကာ ယခင် ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလတွင် စက်တပ်ရွက်လှေ ၁၈ စီးနှင့် ကမ္ဘာလှည့်ခရီးသွား ၁၄၈ ဦး ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၅ခုနှစ် တစ်နှစ်လုံး အတွက် စက်တပ်ရွက်လှေ ၃၉၆ စီးနှင့် ကမ္ဘာလှည့်ခရီးသွား ၃၂၇၀ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွား ဧည်သည် များသည် တနသာၤရီတိုင်းဒေသကြီးအတွင်းရှိ ခွင့်ပြုကျွန်းစု များသို့ နေ့ချင်းပြန် ခရီးစဉ် ညအိပ်ခရီးစဉ်များအား စက်တပ်ရွက်လှေများဖြင့် သွားရောက်ကာ အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ ရေအောက် ရှုခင်းကြည့်ရှုခြင်း၊ ရေကူးခြင်း၊ ဆလုံတိုင်းရင်းသားများ၏ ဘဝများကို လေ့လာခြင်းများဖြင့် ယခင်ကထက် ပိုမိုစိတ်ဝင်စားစွာ လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိသန္တာကျောက်တန်းမျိုးတို့ ကျင်လည်ကျက်စားလျှက်ရှိပြီး နို့တိုက်သတ္တဝါ ၁၉ မျိုးနှင့် သွေးအေး၊ သွေးနွေးသတ္တဝါမျိုးစိတ်မြောက်များစွာ နေထိုင် ကျက်စားလျက်ရှိသော ဒေသကြီးဖြစ်သည့်အပြင် Sea Gipsy ဟုခေါ်တွင်သော ဆလုံလူမျိုးများနှင့် ဆောင်းရာသီနှင့် နွေရာသီတွင် “ကဗန်း” လှေ ပေါ်တွင်နေထိုင်၍ ရေထွက်ပစ္စည်းများကို ရှာဖွေကာ အသက် ရှင်သန် နေထိုင်မှုဘဝပုံစံသည် ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် စွဲဆောင်မှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။

မြိတ်ကျွန်းစုသည် မြန်မာနိုင်ငံ၏တောင်ဘက်၊ ကပ္မလီပင်လယ်ပြင်အတွင်း တည်ရှိကာ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမျိုးသား အဏ္ဏဝါ ဥယျာဉ်ဖြစ်သော လန်ပိကျွန်းတည်ရှိသည့် ကျွန်းစုတစ်ခုဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.