Connect with us

Politics, Law & Military

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို စတင် ဖွဲ့စည်း


နေပြည်တော်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များအား အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်နိုင်ရန် “နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေး ကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ညနေပိုင်း သမ္မတအိမ်တော် မီဒီယာခန်းမ တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောခဲ့သည်။

“ဒီကော်မတီ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တော့ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်းတွေ ဆောင်ရွက်သွားနိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်၊ ဒီကနေ့ပဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ရဲ့ လမ်းညွှန်မှုနဲ့ ဒီသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါ တယ်” ဟု ၎င်းက ပြောခဲ့ပြီး ယနေ့ဖွဲ့စည်းလိုက်သည့် ကော်မတီ အသစ်ကပင် သတင်းစာရှင်းလင်းပွဲကို ပထမဦးဆုံး အနေဖြင့် ပြု လုပ်ခြင်းဖြစ်ကြောင်၊လည်း ပြောခဲ့သည်။

ယနေ့ စတင်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို သမ္မတအိမ်တော် မီဒီယာခန်းမ၌ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ယနေ့ စတင်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို သမ္မတအိမ်တော် မီဒီယာခန်းမ၌ ပြုလုပ်နေစဉ် (ဆင်ဟွာ)

အဆိုပါ ကော်မတီကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် စိုးနိုင်ဦးက ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးး ဦးကျော်စိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးးချုပ် ဒေါ်အေးအေးစိုး၊ ပြည်ထဲရေး ဝန်ကြီးဌာန မှရဲမှူးကြီး မျိုးသူစိုး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးး ဦးဇော်ဝင်းအောင်တို့က ကော်မတီ အဖွဲ့ဝင်များ အဖြစ်လည်း ကောင်း၊ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးးချုပ် ဦးဇော်ဌေးက ကော်မတီ အတွင်းရေးမှူးးအဖြစ်လည်းကောင်း အဖွဲ့ဝင် ခုနစ်ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်းလည်း ဦးဇော်ဌေးက ရှင်းပြခဲ့သည်။

ယနေ့ သတင်းစာ ရှင်းလင်းပွဲသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် မြေပြင် အခြေအနေမှန်များကို မီဒီယာများက အမှန်အတိုင်း ရယူကြရန်နှင့် အထင်လွဲမှားနိုင်သည့် အချက်အလက်များ ဖော်ပြရာတွင် အတည်ပြု ပြီးမှသာ အမှန်အတိုင်း ရေးသား ဖော်ပြနိုင်ရန် ရည်ရွယ်လျက် ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ကော်မတီ အတွင်းရေးမှူးး ကပြောသည်။ (Xinhua)