Connect with us

Politics, Law & Military

အကြမ်းဖက်သမားဟု ယူဆရသူ မသင်္ကာသူ ၅၉ဦး ဖမ်းဆီးရမိ

မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်သူများနှင့် တိုက်ပွဲဖြစ်ပွားရာပြ မြေပုံ(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇား ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် အကြမ်းဖက်တိုက်ခိုက်သမားများဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ နယ်မြေများသို့ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီက ဝင်ရောက်ရှင်းလင်းရာ ဂွဆုံကျေးရွာမှ (၂၁) ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၉ ဦးတို့အားညနေ ၅ နာရီ ၃၅ မိနစ်တွင် အမှတ်(၃) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့မှူးရုံးတွင် လည်းကောင်း၊ ဂွကျေးရွာမှ ၁၅ ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၁၂ ဦး၊ ဒါးကြီးဇားကျေးရွာမှ ၁ ဦး၊ ဦးဆိန်ကျကျေးရွာမှ ၁ ဦးတို့အားညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ်(၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင် လည်းကောင်း ခေတ္တထိန်းသိမ်းထားလျက်ရှိသည်။

မောင်တောမြို့နယ်တွင်း အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ဘင်္ဂါလီ ၆၉ ဦးနှင့် ဖမ်းဆီးရမိ ၂၃၄ ဦး ရှိခဲ့ပြီးအဆိုပါ ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေနှင့်အညီ စစ်ကြောမေးမြန်း ဖော်ထုတ်လျက်ရှိရာ ဖမ်းဆီးရမိသူများအနက် ၂၉ ဦးကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက်ဆိုင်ခြင်းမရှိသူ ၂၃ ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစတင်၍ ယနေ့အထိ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲဝန်ထမ်းနှင့် တပ်မတော်မှ အရာရှိ/စစ်သည် ၁၇ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.