Connect with us

Education & Health

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အေးချမ်းမှုရှိလာချိန်၌ ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးမည်

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် မေးခွန်းမေးမြန်းစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အခြေအနေအရ အေးချမ်းမှု ရှိလာချိန်၌ ကျောင်း များ ပြန်လည် ဖွင့်လှစ်ပြီး သင်ကြားရေး ဆရာ၊ ဆရာမများ စေလွှတ်ပေးရန် အဆင်သင့်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း ကပြောကြားသည်။

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်၏ ကိုးကန့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် တာဝမ်တီး ကျေးရွာအုပ်စု ရှော်မိုနိုက်နှင့် လုံထန်ကျေးရွာ အုပ်စု အိုက်ကျော်ကျိုင်း အခြေခံပညာ မူလတန်းကျောင်း တို့ကို မည်သည့် ဘဏ္ဍာရေး နှစ် တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ခွင့် ချမှတ် ပေးနိုင်မည် ကို သိရှိလိုခြင်းနှင့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပညာရေး ကဏ္ဍ အဆင့်မြှင့်တင် ပေးနိုင်မည့် အစီအစဉ်များ ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း က အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

လောက်ကိုင်မြို့နယ် တာဝမ်တီး ကျေးရွာအုပ်စု အိုက်ကျော်ကျိုင်း အခြေခံပညာ မူလတန်း ကျောင်းတွင် ကျောင်းဆောင် သစ်များ ဆောက်လုပ် ပေးနိုင်ရန် အတွက် ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တာဝန်ယူ ဆောင်ရွက်မည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် စီမံကိန်း လုပ်ငန်းများတွင် ထည့်သွင်း လျာထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် လောက်ကိုင် မြို့နယ်၌ ထက်/လယ်/မူ အခြေခံပညာ ကျောင်းပေါင်း ၁၁ဝ အနက် ၆၉ ကျောင်းကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ ၃၈၉ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၉၆ဝ၄ ဦး သင်ကြား သင်ယူမှုများ ဆောင်ရွက်လျက် ရှိသည်။

ကုန်ကြမ်း မြို့နယ်၌ ထက်/လယ်/မူ အခြေခံပညာ ကျောင်းေ ပါင်း ၁ဝ၃ ကျောင်းအနက် ၄၁ ကျောင်း ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ ၂၄၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၇၇၄ ဦး သင်ကြား သင်ယူမှုများ ဆောင်ရွက်လျက် ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.