ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင် ကျင်းပမည့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် (၂၀)ပြည့် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်မည်ဖြစ်သည်။
ရန်ကုန်၊ မေ ၁၅ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်းရှိခုံးကျော်တံတားများ ၏ အတက်၊ အဆင်း၌ရှိသော ဘတ်စ်ကား မှတ်တိုင်များကို ယခုလအတွင်း ရွှေ့ပြောင်း သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(လမ်း၊ တံတား)ဌာနမှ သိရသည်။
ရန်ကုန်၊ မေ၁၅ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မိုးသက်လေပြင်းကြောင့် ရွာ ၆ ရွာရှိ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုနှင့် ကြုံတွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ကျယ်ပြန့်လာသော ဆက်သွယ်ရေး ကဏ္ဍအတွက် ကျွမ်းကျင် လုပ်သား ရှားပါးနေခြင်းကို အထောက်အကူ ဖြစ်စေရန် Huawei နှင့် MCC Group တို့ပူးပေါင်း၍ အခြေခံ ဆက်သွယ်ရေး ဆိုင်ရာ သင်တန်းများ ပေးသွားမည်...
ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံသို့မေလ ၂၂ ရက်တွင် လာရောက်၍ နေပြည်တော်၌ မြန်မာနိုင်ငံ၏ အဓိက ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်မြို့အတွင်း အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်ခွင့်အား မြို့ပြ အင်္ဂါရပ် ဖွံ့ဖြိုးမှုနှင့် ကိုက်ညီစေရန် ပိုမို စနစ်ကျရေး အတွက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း၍ အသေးစိတ် စိစစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဝင်္ကပါလမ်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင် သမိုင်း ပြတိုက် ကို ယခုနှစ်အတွင်း ခန့်မှန်း ကျပ်သိန်း ၁၅၀၀ ကုန်ကျခံကာ ပြန်လည် ပြုပြင် မွမ်းမံမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် အစည်းအရုံးထံမှ သိရသည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံကို နိုင်ငံရေးနောက်ခံ တည်ငြိမ်လာလျှင် ပြင်ဆင်မည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ပြည်တွင်းငြိမ်းချမ်းရေးကို ဒုတိယသက်တမ်း ၅နှစ် အတွင်း ရအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်း ရက် ၁၀၀ စီမံချက်ကို ချင်းပြည်နယ်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ တရားဝင်ထုတ်ပြန်လိုက်သည်။