Connect with us

Environment, Disasters & Accidents

ရေဘေးသင့် ဒေသများ ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတွင် ရေ နှင့် သန့်ရှင်းမှု ဆိုင်ရာ ကူးစက် ရောဂါများ မဖြစ်ပွားစေရေး ဆောင်ရွက်

ရေကြီး နစ်မြုပ်မှုခံခဲ့ရသော ရေတွင်း ရေကန်များ ပြန်လည်၍ ရေငန် စုတ်ထုတ် ၊ နုန်းအနည်အနှစ် သန့်စင် ဖယ်ရှားခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-မွေးရေ/ကျေးလက်)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

သဘာဝဘေးနှင့် ရေဘေးသင့် ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရေနှင့် သန့်ရှင်းမှုဆိုင်ရာ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် နှင့် ကြိုတင်ကာကွယ်မှု ပြုနိုင်ရန် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် ယူနီဆက် တို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှန်း ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ရေကြီး ရေလျှံ ဖြစ်စဉ်တွင် ရေဘေးသင့် ပြည်သူများ ရေနှင့် သန့်ရှင်းမှုဆိုင်ရာ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် နှင့် ကြိုတင်ကာကွယ်မှု ပြုနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတွင် ရေသန့်ဆေးပြားများ နှင့် ရေတွင်းရေကန်များ ပိုးမွှားအန္တရာယ် ကင်းရှင်းရေး အတွက် ဆေးခတ်နိုင်ရန် Bleaching Powder များ ဖြန့်ဝေ ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့အတူ ဇူလိုင်လအတွင်း ရေကြီးနှစ်မြုပ်ခံခဲ့ရသော ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များရှိ ကျေးရွာများတွင် အားထားသုံးစွဲနေ ရသော ရေတွင်းရေကန်များ ရေကြီးနစ်မြုပ်ခံခဲ့ရခြင်းအား ပြန်လည်ပြင်ဆင်ခြင်း ၊ ရေငန် စုပ်ထုတ်ခြင်း နှင့် နုန်းအနည်အနှစ်များ ဖယ်ရှား ရှင်းလင်းသန့်စင်ခြင်း များပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.