Connect with us

Environment, Disasters & Accidents

မုန်တိုင်း၏ အဝန်းအဝိုင်း အတွင်းသို့ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ရောက်ရှိနေ

မုန်တိုင်းငယ် တည်ရှိရာ နေရာပြသထားမှုအား တွေ့ရစဉ်(ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အတွင်း နေထိုင်ကြသူများအနေဖြင့် လေပြင်း တိုက်ခတ်ခြင်း ၊ မိုးကြီးခြင်း ၊ ရုတ်တရက် ရေကြီးခြင်း နှင့်အတ‌ူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း ၊ ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ
ဖြစ်ပေါ် နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန် နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ရန် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် သတိပေး နှိုးဆော်ချက် အဖြစ် မုန်တိုင်းငယ်၏ အရှိန်ကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှာက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည် ဖြစ်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ် နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံကမ်း‌ခြေ အနီးတွင် ဖြစ်ပေါ်နေပြီး၊ မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေးကြောင်း မုန်တိုင်းငယ် အခြေအနေ သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.