Connect with us

Agriculture

တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းကို ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ရန် အဆိုကို ဆွေးနွေးမည်

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ကျေးလက်နေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားလာရေး အတွက် စိုက်ပျိုးရေးနှင့် အတူ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများကိုပါ တွဲဖက် လုပ်ကိုင်စေသည့် အစီအစဉ်များကို ဦးစားပေးအဆင့် သတ်မှတ် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူခဲ့သည်။

ထိုအရေးကြီး အဆို တင်သွင်းသည့် ပဲခူးတိုင်းဒေသကြီး ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက “စိုက်ပျိုးရေးနှင့် တွဲဖက်၍ တောင်သူများ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သက်ဆိုင်သည့် ဝန်ကြီးဌာနက ဦးစားပေး အစီအမံများဖြင့် ဖော်ဆောင်ပေးပါက ကျေးလက်နေ ပြည်သူတို့၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်မယ့်အပြင် နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း အာမခံနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး တည်ငြိမ်မှုကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။
လက်ရှိအခြေအနေ၌ တောင်သူ လယ်သမားအများစုတို့သည် ဆန်စပါး အပါအဝင် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတွင် မိရိုးဖလာနည်းများဖြင့်သာ စိုက်ပျိုးနေကြသဖြင့် တစ်ဧက အထွက်နှုန်းများ ကျဆင်းမှုကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာသွားကြခြင်း၊ ထိုသို့ စွန့်ခွာကြသဖြင့် နိုင်ငံ့ စားနပ်ရိက္ခာနှင့် ဝင်ငွေကို လျော့ကျစေခြင်း၊ တွဲဖက် ဝင်ငွေရနိုင်သည့် တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်မှာလည်း ပညာပေးမှု အစီအစဉ်များ မရှိခြင်းတို့နှင့် ကြုံတွေ့ နေရကြောင်းလည်း အရေးကြီး အဆို တင်သွင်းသူက လွှတ်တော်သို့ပြောကြားခဲ့သည်
ထိုအဆိုကို ပဲခူးတိုင်းဒေသကြီး ကဝ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်က ထိုအဆိုကို လက်ခံ ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.