Connect with us

Politics, Law & Military

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးများကို UNFC ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်

ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်(ဓာတ်ပုံ-UNFC)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို UNFC၏ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သွားမည်ဖြစ်ကြောင်း ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ သြဂုတ်၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် (Framework for Political Dialogue) ပြန် လည်သုံးသပ်ခြင်း အစည်းအဝေးကို တက်ရောက်ရန် UNFC၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)အဖွဲ့ကို စေလွှတ်သွားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.