ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ဒုတိယ သမ္မတ လောင်းများ အဖြစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲများ့မှ ရွေးချယ် အမည်စာရင်း တင်သွင်းခံရသူများအား သူရဦးရွှေမန်းက ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် အများအကျိုး ဆောင်ရွက်နိုင်ကြပါစေဟု ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြလိုက်သည်။
နေပြည်တော်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် အစုအဖွဲ့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ သမ္မတလောင်းအဖြစ် ဦးထင်ကျော်ကို တင်သွင်းလိုက်သည်။
နေပြည်တော်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP မှ ဒုတိယ သမ္မတလောင်း အဖြစ် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးခင်အောင်မြင့်ကို ယနေ့ တင်သွင်းမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက ပြောကြားသည်။
နေပြည်တော်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ပြည်သူလူထု ဆန္ဒကို အပြည့်အဝ အကောင်အထည် မဖော်မီ ကာလအတွင်း နိုင်ငံအေးချမ်း တည်ငြိမ်စွာဖြင့် လိုရာပန်းတိုင် ရောက်ရှိစေရန် ပြည်သူများ အားလုံးက ဉာဏ်ပညာ အမြှော်အမြင်ဖြင့် ဝန်းရံ ထောက်ခံပေးရန် ယနေ့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်သည့် ရွှေမြေယာ အဆင့်မြင့် အိမ်ယာ စီမံကိန်းမှ အခန်းပေါင်း ၅၂ ခန်း နှင့် အလုံမြို့နယ် ရွှေဇဗ္ဗူ River Complex မှ မြေညီထပ်နှင့် ပထမထပ်တို့အား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း...
ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပြည်တွင်း မိုးညှင်းမြို့အနီး၌ အင်အား ရစ်ခ်တာစကေး (၄.ဝ) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုသည် ယနေ့မတ်လ ၉ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့်...
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပုဂ္ဂလိက ကုမ္ပဏီများ အကျိုးတူ ပူူးပေါင်း၍ ကုန်ရထားများ ပြေးဆွဲခြင်း လုပ်ငန်း စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ကနဦး အနေဖြင့် ရန်ကုန်-မန္တလေးနှင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတို့တွင် တင်ဒါ အောင်မြင်ပြီးသော...
ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့မတ်လ ၉ ရက်မှ စတင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆို နေကြပြီ ဖြစ်ရာ ပထမနေ့ဖြစ်သည့် မြန်မာစာမေးခွန်း စတင်ဖြေဆိုသည့်နေ့တွင် ကျောင်းသား/သူတိုင်း အဆင်ပြေ လွယ်ကူချောမွေ့စွာ ဖြေဆိုနိုင်ကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (Permanent Residence System-PR System)အား စိစစ် ခွင့်ပြုလျှက်ရှိရာ ယခုအချိန် အထိ ၂၂၄ ဦးအား ခွင့်ပြုပေးထားပြီး ဆက်လက်၍ လျှောက်ထားသူ ၄၀ ဦးအား စိစစ် သုံးသပ်လျှက်...
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အသင်း၏ မတ်လ ၂၄ ရက်နေ့တွင် စင်ကာပူလက်ရွေးစင် အသင်း၊ မတ်လ ၂၉ ရက်နေ့တွင် လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် အပြီးသတ်(၂၅)ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။