Connect with us

Education & Health

လူ့အခွင့်အရေး ဥပဒေ (Human Rights Law) ကို ၂၀၁၆-၁၇ မှ စပြီး တက္ကသိုလ်တွင် သင်မည်

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေ (Human Rights Law) ဘာသာရပ်ကို ဥပဒေ တတိယနှစ် ကျောင်းသူ ကျောင်းသားများ အတွက် ၂၀၁၆-၁၇ ပညာသင်နှစ်မှ စ၍ ဘွဲ့ကြို (Core Course) အနေဖြင့် ထည့်သွင်း သင်ကြားသွားမည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ပြုလုပ်သည့် ဥပဒေပညာ သင်ကြားရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ human Rights Law ဘာသာရပ်ကို တတိယနှစ် ကျောင်းသူ ကျောင်းသားများ အတွက် ၂၀၁၆-၁၇ ပညာသင်နှစ်မှ စ၍ ဘွဲ့ကြို (Core Course) အနေဖြင့် ထည့်သွင်း သင်ကြားသွား ပါမယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။
ဒေါပုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို၏ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းအား စာသင်ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်းများတွင် အသိပညာပေးရေးနှင့် နိုင်ငံပိုင် မီဒီယာများတွင် အခါအားလျော်စွာ ထည့်သွင်း အသိပညာပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် အမေးကို ပညာရေး ဝန်ကြီးက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ပညာသင်နှစ်တွင် Human Rights Law ကို ဥပဒေ တတိယနှစ်တွင် သာမက မဟာဥပဒေတန်း တွင်လည်း Law-621B ဘာသာရပ်၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထည့်သွင်း သင်ကြားလျက် ရှိကြောင်းလည်း ဝန်ကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.