Connect with us

Social

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တန်ဖိုးနည်း တိုက်ခန်း ၂,၂ဝ၈ ခန်းကို အိမ်ပိုင် မရှိသူများနှင့် အစိုးရ ဝန်ထမ်းများအား ဇူလိုင်လအတွင်း ရောင်းချပေးမည်

ရန်ကုန်မြို့တွင်းရှိ လူနေတိုက်ခန်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တန်ဖိုးနည်း တိုက်ခန်း ၂,၂ဝ၈ ခန်းကို အိမ်ပိုင်မရှိသူ ဝင်ငွေနည်း ပြည်သူများနှင့် အစိုးရ ဝန်ထမ်းများအား ဇူလိုင်လအတွင်း ရောင်းချပေးမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရောင်းချမည့် အဆိုပါ တန်ဖိုးနည်း တိုက်ခန်းများမှာ ဒဂုံ (ဆိပ်ကမ်း) မြို့နယ် ယုဇန တန်ဖိုးနည်း အိမ်ရာ အပိုင်း (၁) မှ ၈၆၄ ခန်း၊ ကနောင်အိမ်ရာ စီမံကိန်းမှ အခန်းပေါင်း ၈၄ဝ နှင့် လှိုင်သာယာမြို့နယ် ရွှေလင်ပန်း အပိုင်း (၃) မှ ၅ဝ၄ ခန်းကို ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများအား ဝယ်ယူရန် လျှောက်လွှာ ဝယ်ယူရမည့် နေ့ရက်နှင့် စည်းကမ်းချက်များကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လလယ်တွင် သတင်းစာများ၌ ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပြီး ယင်းသို့ ရောင်းချရာတွင် မြေညီထပ် ငွေကျပ် သိန်း ၁၂ဝ ၊ ပထမထပ်မှ လေးထပ်အထိ ငွေကျပ် သိန်း ၁၂ဝ အောက်နှင့် ငွေကျပ် သိန်း ၇ဝ ကြား သတ်မှတ် ထားကြောင်း သိရသည်။
ရန်ကုန် တိုင်းဒေသကြီး အစိုးရက ရောင်းချမည့် တန်ဖိုးနည်း တိုက်ခန်းများ၏ ၇ဝ ရာခိုင်နှုန်းကို အိမ်ပိုင် မရှိသူ ဝင်ငွေနည်းပြည်သူ များအား ရောင်းချပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ၃ဝ ရာခိုင်နှုန်းကို အစိုးရ ဝန်ထမ်းများအား ရောင်းချပေး သွားမည် ဖြစ်ကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.