Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အောက်တိုဘာလ အတွင်း လက်မှတ် ရေးထိုးနိုင်ရန် လျာထား

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များ ယနေ့ နေပြည်တော်၌ ဆွေးနွေးသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုနိုင်ရေး ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အောက်တိုဘာ လလယ်တွင် ရေးထိုးနိုင်ရေး လျာထားကြောင်း တိုင်းရင်းသား ခေါင်းဆောင်များ ထံမှ သိရသည်။

ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို စက်တင်ဘာလ ၂၉ ရက် နေ့တွင် ရေးထိုး နိုင်ရန် နိုင်ငံတော် သမ္မတမှ ကမ်းလှမ်း ခဲ့သော်လည်း တိုင်းရင်းသားများ ဘက်မှ အောက်တိုဘာ လလယ်တွင် ပြုလုပ်ရန် ပြန်လည် အဆိုပြုခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

လက်ရှိ အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကို လက်မှတ် ရေးထိုးနိုင်ရန် ဖိတ်ခေါ်ထားပြီး ကျန်အဖွဲ့များတွင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MMDA) အဖွဲ့ကို နိုင်ငံတော် သမ္မတကြီးက ခေါင်းဆောင်အချင်းချင်း တိုက်ရိုက် ဆက်သွယ် ဆောင်ရွက် နေသဖြင့် အစိုးရဘက်မှ ခဏ ဖြုတ်ထားကြောင်း၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ကို နှစ်ဖက် သဘောတူညီမှု ရယူပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် လမ်းဖွင့် ထားပေးမည် ဖြစ်ကြောင်းနှင့်
ရက္ခိုင့်တပ်မတော် (AA) အဖွဲ့ နှင့် ပတ်သက်၍ နည်းလမ်းရှာရန် အစိုးရက သတ်မှတ် ထားသော်လည်း တိုင်းရင်းသားများ ဘက်မှ AA အဖွဲ့နှင့် ရခိုင်အဖွဲ့များ ပေါင်းရန် အဆိုပြုလာကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များအား မတရားအသင်း သတ်မှတ်ထားမှုကို အပစ်အခတ် ရပ်စဲရေး လက်မှတ် မရေးထိုးမီ ပယ်ဖျက် ပေးမည်ဟု နိုင်ငံတော် သမ္မတက ကတိပေး ပြောကြား ထားသည်။

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ယနေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ ဘက်က အားလုံး ပါဝင်ရေး၊ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုရေး အာမခံချက် ကိစ္စများ ဆွေးနွေးခဲ့ပြီး နိုင်ငံတော် သမ္မတမှ အားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေး မူကို မပစ်ပယ် ထားသော်လည်း အဆင့်လိုက် လုပ်ဆောင် ရမည့် ကိစ္စများကို ပြန်လည် ရှင်းလင်း ပြောကြားသည်။တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသားများ လက်မှတ်ရေးထိုးရန် ဆန္ဒ ရှိသော်လည်း သတ်မှတ်ထားသည့် ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မည်မျှ လက်မှတ် ထိုးမည်ကို တိုင်းရင်းသားများ ပြန်လည် ဆွေးနွေးမည် ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် (၂) ပဒိုစောကွယ် ထူးဝင်းက ပြောကြားသည်။

NCA စာချုပ် လက်မှတ် ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး မူဘောင် ရေးဆွဲမည် ဖြစ်ကာ စာချုပ်လက်မှတ် ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ကြမည် ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့မှ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုး၊ ကချင် လွတ်မြောက်ရေး အဖွ့ဲ (KIO) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ မွန်ပြည်သစ် ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခွန်အေဘယ်တွိဒ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့ခေါင်းဆောင် ၃ ဦးဖြစ်သည့် ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာ၊ ပူးဇင်ကျုံးနှင့် NCCT အဖွဲ့ခေါင်းဆောင် ၂ ပဒိုစောကွယ် ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.