Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုသည်မှာ ပေါ်ပေါက်လာသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် အရေးကြီးဟု နိုင်ငံတော် သမ္မတ ပြောကြား


နေပြည်တော် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ဒီမိုကရေစီ စနစ်တွင် ရွေးကောက်ပွဲများသည် အချိန်အခါအလိုက် ရှိနေသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုသည်မှာ ပေါ်ပေါက်လာသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရန် အရေးကြီးသည် ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကတိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင် များအား စက်တင်ဘာ ၉ ရက် နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

နိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးသည် ငြိမ်းချမ်းရေး မရရှိဘဲနှင့်မဖြစ်နိုင် ဟု အလေးအနက် ထား၍ ပြောကြားပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကို ကောင်းမွန်မှန်ကန်သည့် ဆန္ဒနှင့် ဝိုင်းဝန်းဆွေးနွေး ကြရန် ဖိတ်ခေါ်ပါကြောင်း ၊ စက်တင်ဘာလ မကုန်မီတွင် လက်မှတ်ရေးထိုးနိုင်ရေး အတွက် ယနေ့အစည်းအဝေးမှာပဲ အားလုံး ညှိနှိုင်း နိုင်လိမ့်မည် ဟု မျှော်လင့်ပါကြောင်း ပြောကြား ခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အားလုံး နှစ်ပေါင်း ရှည်ကြာ ဖြစ်ခဲ့သည့်လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန်မှာ လက်နက်ကိုင် နည်းဖြင့် မရနိုင်ဘဲ စားပွဲဝိုင်း ဖြေရှင်းသည့် နည်းဖြင့်သာ ရနိုင်ပါကြောင်း ယနေ့တွေ့ဆုံမှုတွင်လည်း ထပ်မံ ပြောကြားခဲ့သည်။ မိမိတို့စိတ်ရှည် သည်းခံ ဇွဲ ရှိသလို တိုင်းရင်းသားခေါင်းဆောင်များ ဘက်ကလည်း စိတ်ရှည် သည်းခံ ဇွဲရှိခဲ့၍ ယနေ့အဆင့် ထိရောက်လာခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဆက်လက် စိတ်ရှည် သည်းခံ ဇွဲရှိပြီး ပြည်ထောင်စုကြီး အကျိုးအတွက်ကို ကြည့် ပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရန် မိမိအနေ နှင့် ခေါင်းဆောင်များ ကို ထပ်မံ ဖိတ်ခေါ်လိုက်ပါကြောင်း၊ ထိုမှသာ အားလုံး လိုလားသည့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ပြီး နောက်ကျ နေသည့် တိုင်းပြည်ကို ပြည်နယ် ၊ ပြည်မ မခွဲခြားဘဲ အတူတူ ပျိုးထောင်ရန် အတွက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ နှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ပြီးသည် နှင့် ယင်းသဘောတူညီချက်များအတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများထံ သွားနိုင်ရန် မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ရမည် ဖြစ်သည်။ သြဂုတ် ၁၁ ရက်နေ့က ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား အဖွဲ့၁၅ ဖွဲ့ကို နိုင်ငံတော်သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုး ဖိတ်ကြားခဲ့သည်။ NCA စာချုပ် လက်မှတ်ရေးထိုးပြီးသည့်အခါ စာချုပ်အရ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ပြင်ဆင်ရမည် ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း သိရသည်။

ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း ၊ ဦးစိုးသိမ်း ၊ ဦးခင်မောင်စိုး ၊ ဦးဝင်းမြင့် ၊ ဦးဝင်းထွန်း ၊ ဦးရဲထွဋ် နှင့် လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဌများ ဖြစ်သည့် ဦးသိန်းဇော် ၊ ဦးအောင်သိန်းတို့ပါဝင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ဘက်မှ အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့SD ခေါင်းဆောင်များ ဖြစ်သည့် ပဒိုနော်စီဖိုးရာစိန် ၊ ဒေါက်တာ လဂျာ ၊ ပူးဇင်ကျူံး တို့အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ၊ ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ခွန်အေဘယ်တွီဒ် ၊ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်တို့ပါဝင် ဆွေးနွေးခဲ့သည်။ (Xinhua)