Connect with us

Politics, Law & Military

ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော ၈၀၃၂ ဦး အနက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု စိစစ်ရရှိသူ စုစုပေါင်း ၅၅၆ ဦး ရရှိထား

နှစ်နိုင်ငံ သဘောတူညီချက် အရ ပြန်လာလိုသူများ ဖြည့်သွင်းရမည့် သတ်မှတ် ပုံစံများ(ဓာတ်ပုံ-Imformation Committee)

ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး နှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော ၈၀၃၂ ဦး အနက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု စိစစ်ရရှိသူ စုစုပေါင်း ၅၅၆ ဦးအထိ ရရှိလာခဲ့ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သည်ဟု စိစစ်ရရှိသူ ၅၅၆ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လွှဲပြောင်းလာလျှင် ပြန်လည် စိစစ် လွှဲပြောင်းလက်ခံနိုင်ရန် အသင့်ပြင်ဆင် ထားရှိပြီ ဖြစ်ကြောင်း ၊ ၈၀၃၂ ဦးအား အချက်အလက်များ တိုက်ဆိုင် စစ်ဆေးစိစစ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် အချက်အလက်များ မှန်ကန်မှု ရှိ မရှိ၊ အိမ်ထောင်စုဓာတ်ပုံများနှင့် ရွာအမည်၊ တစ်ဦးချင်းအမည်ကို အနီးစပ်ဆုံး စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက်နှစ်နိုင်ငံအကြား သဘောတူညီထားသော သတ်မှတ်ပုံစံနှင့်မကိုက်ညီသည့်အဆိုပါ ၈၀၃၂ ဦးအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက် အောင်မြင်စေရန်အတွက် အချက်အလက်များ မှန်ကန်မှု ရှိမရှိ အိမ်ထောင်စု ဓာတ်ပုံများနှင့်ရွာအမည်၊ လူတစ်ဦးချင်း အမည်ကို အနီးစပ်ဆုံး တိုက်ဆိုင်စိစစ်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပေးပို့လာသည့် အစ္စလာမ်ဘာသာဝင် ၈၀၃၂ ဦး အနက် ၃၆၃ ဦးသာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်းပထမအကြိမ်စိစစ်မှု၌ တွေ့ရှိခဲ့ရသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်၍ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။

ကျန်ရှိသူများအား အတတ်နိုင်ဆုံးကြိုးစား၍ အထောက်အထားအချက်အလက်များ မှန်ကန်ခြင်း ရှိမရှိ စိစစ်မှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မတ်လ ၁၉ ရက်အထိ စိစစ်ချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သူ ၁၉၃ ဦး ထပ်မံစိစစ်နိုင်ခဲ့သဖြင့်မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သည်ဟုစိစစ်တွေ့ရှိသူ စုစုပေါင်း ၅၅၆ ဦးရှိလာခြင်းဖြစ်ကြောင်းသိရသည်။အချက်အလက်များစိစစ်ရာတွင် ပေးအပ်လာသောအချက်အလက်များမှာ ဓာတ်ပုံ၊ လက်ဗွေ၊ နေရပ်လိပ်စာပြည့်စုံမှု မရှိသဖြင့် အထောက်အထားများ တိုက်ဆိုင်၍ အတတ်နိုင်ဆုံးကြိုးစား စိစစ်နေရခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့် စပ်လျဉ်း၍ သဘော တူညီမှုများ အရ ကနဦး စတင်ဆောင်ရွက်နိုင်ရန် ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် စိစစ်ပြီး မူဆလင် ၇၅၀ စုစုပေါင်း ၁၂၅၈ ဦးတို့၏ အချက်အလက် အပြည့်အစုံကို မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြန်လည်စိစစ် လက်ခံရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဘက်ကစတင်၍ အဆိုပြုခဲ့ကြောင်း သိရသည်။(Xinhua)