ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျပ် သိန်း၆၀၀၀တန်ဖိုးရှိ ကတ်တမင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မေ ၁၃ ရက်(ဆင်ဟွာ) ပြည်ထောင်စု အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ သတင်းစာရှင်းပွဲများကို ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ဆက်လက် ကျင်းပခဲ့သည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊မဘိမ်းမြို့နယ်တွင် သိန်း ၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ အကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟန်းဆက် သွင်းယူသူများအား ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ဗီယက်နမ်နိုင်ငံသို့ ယနေ့မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာ အမျိုးသား လေကြောင်းလိုင်းဖြင့် ထွက်ခွာ သွားကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲများကို ယနေ့ ညနေပိုင်း စတင်ခဲ့ရာ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတို့က စတင်...
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ) စားနပ်ရိက္ခာဖူလုံရေးအတွက် ငါးလုပ်ငန်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန် အရေးကြီးကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောကြားသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။