Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်စစ်ဆေးရာမှ ကျပ်သိန်းပေါင်း ၈၀၇၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ထပ်မံဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀၇၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက် ၁၀း၀၀ နာရီတွင် လုံးတုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်းရပ်ကွက်နေ ဝင်းဇော် ၄၅ နှစ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အနောက်ဘက်မီးဖိုဆောင်အတွင်းရှိ စက္ကူ ဂျပ်ဖာအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၄၃၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၄၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဖော်ထုတ်စစ်ဆေးခဲ့ရာ ကွင်းဆက်ပေါ်ပေါက်ချက်အရ စက်တင်ဘာလ ၁၂ ရက်နေ့ ၀၉း၀၀နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့မှ မိုင်းနောင်ကျေးရွာနေ မယဉ်အေး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရပြီး ၁၄း၀၀နာရီ တွင် မိုးညှင်းမြို့၊ အောင်သပြေ(၂)ရပ်ကွက်နေ မရမ်ဂျာထု(ခ)ဂျာထု ၃၅ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင်၎င်းနှင့်အတူ နန်းမားမြို့၊ သာယာကုန်းကျေးရွာနေ မသန်းမြ(ခ)စိုးစိုးဇင် ၃၄ နှစ် တို့အား တွေ့ရှိပြီး နေအိမ်ရှေ့ခန်းနှင့် ဧည့်ခန်းအတွင်းတို့မှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၁,၅၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀၇၈ သိန်း)နှင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ် ၁ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.