ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ်...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်းရှိ ရဲတပ်ရင်းဌာနချုပ် လိုင်းခန်းများအား ယနေ့ နံနက် အစောပိုင်းက AA လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၍ တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဧပြီ ၉ ရက်(ဆင်ဟွာ) မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ အကြားရှိ နယ်စပ်မျဉ်းတစ်လျှောက် လှုပ်ရှားနေသည့် အကြမ်းဖက် သမားများနှင့် အကြမ်းဖက် အုပ်စုများကို အမြစ်ပြတ်သုတ်သင် ရှင်းလင်းသွားမည်ဟု ယနေ့နံနက် ထုတ်ပြန်သည့် နှစ်နိုင်ငံ ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ ၂၀၁၉ခုနှစ် မတ်လအတွင်း လောင်းကစားမှု ၂၉၂မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် မြန်မာရိုးရာသြင်္ကန်ကာလအတွင်း သြင်္ကန်ပွဲတော်ကျင်းပမည်ဖြစ်သဖြင့် လမ်းပိတ်/လမ်းလွှဲနှင့် တစ်လမ်းမောင်းပြုလုပ်ထားမည့် လမ်းများကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယနေ့ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မြန်မာ-အိုင်ယာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး H.E. Mr. Joseph Anthony Cotter တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၄၁၆/၇)နှင့်(၄၁၇/ဝ)ကြား၌ ဧပြီ ၇ ရက် နံနက်အစောပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ၈ ဦး သေ၊ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဧပြီ ၈ ရက်(ဆင်ဟွာ) မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အဆင့်မြင့် ရဲအရာရှိကြီးများ၏ (၆)ကြိမ်မြောက် အစည်းအဝေး ကို နေပြည်တော် Royal ACE Hotel တွင် ယနေ့ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ အဆင့်မြင့် အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ် ၁၇ ဦး၊ အလားတူ...
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၅ /၂၀၁၉) ကြိမ်မြောက် အစည်းအဝေး တွင် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပညာရေးဝန်ဆောင်မှု လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်း စုစုပေါင်းလုပ်ငန်း (၅) ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။