Connect with us

Politics, Law & Military

၂၀၁၈ – ၁၉ ပထမ ခြောက်လ အခွန်ရရှိမှု လျားထားချက်ထက် ကျော်လွန်

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်း တင်ပြစဉ်။

နေပြည်တော်၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

၂၀၁၈ – ၁၉ ပြည်ထောာင်စု၏ အခွန်အကောက်ဥပဒေအရ ကောက်ခံရရှိရန် မူလ ခန့်မှန်းခြေ လျာထားချက် ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလီယံအနက် ပထမ ခြောက်လပတ် လျာထားချက်သည် ကျပ် ၃၈၇၈ ဒသမ ၅၈၃ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိမှုမှာ ကျပ် ၄၀၄၂ ဒသမ ၇၃၉ ဘီလီယံ ဖြစ် သောကြောင့် လျာထားချက်ကို ကျော်လွန်ကောက်ခံနိုင်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင် ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်း ပြောကြား ခဲ့သည်။

“လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှုမှာ ၁၀၄ ဒသမ ၂၃ ရာခိုင်နှုန်း ရှိပါတယ်၊ ဒါဟာ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ကောက်ခံရရှိမှုဖြစ်တဲ့ ကျပ် ၃၀၇၈ ဒသမ ၇၉၈ နဲ့နှိုင်းယှဉ်ပါက ကျပ် ၉၆၃ ဒသမ ၉၄၁ ဘီလီယံ ပိုမို ကောက်ခံ ရရှိတာဖြစ်ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ကဏ္ဍအလိုက် အခွန်ကောက်ခံရရှိမှု အခြေအနေမှာ ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူ ပြည်သားများ သုံးစွဲမှု အပေါ်မှ ကျပ် ၁၉၂၃ ဒသမ ၆၆၄ ဘီလီယံ (၁၀၀ ဒသမ ၁၂ ရာခိုင်နှုန်း)၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှု များ အပေါ်မှ ကျပ် ၁၂၄၇ ဒသမ ၁၇၁ ဘီလီယံ (၁၀၇ ဒသမ ၂၉ ရာခိုင်နှုန်း)၊ အကောက်ခွန် ကျပ် ၂၃၉ ဒသမ ၂၀၅ ဘီလီယံ(၉၀ ဒသမ ၂၇ ရာခိုင်နှုန်း)၊ နိုင်ငံပိုင်သယံဇာတများ ထုတ်ယူ သုံးစွဲမှု အပေါ်မှ ကျပ် ၆၃၂ ဒသမ ၆၉၇ ဘီလီယံ(၁၁၉ဒသမ ၄၁ ရာခိုင်နှုန်း) တို့ ဖြစ်ကြောင်း၊ အခွန် အကောက် ၂၂ မျိုးတို့အနက် လျာထားချက် ပြည့်မီ ကျော်လွန်အောင် ကောက်ခံနိုင်ခဲ့သည့် အခွန် ၁၁ မျိုးရှိကြောင်း၊ ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။

အဆိုပါ အခွန်အကောက် ၂၂ မျိုးတို့ကို ပြည်ထောင်စု ဝန်ကြီးဌာန ကိုးခုနှင့် နေပြည်တော် ကောင်စီ တို့က တာဝန်ယူ ကောက်ခံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.