ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက် ညနေ ၄နာရီ ၁၅ မိနစ်တွင် ငွေကျပ်သန်းပေါင်း ၂,၃၄၀ သန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅၇ ရွက်ဖြင့် ကျွဲဝယ်သူအမျိုးသား ၃ ဦးအား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၆ ရွက် တွေ့ရှိအရေးယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၃၄သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ပြည်တွင်းသို့ တင်သွင်းသော ကုန်ပစ္စည်းအမှတ်တံဆိပ်ပါ အညွှန်းစာများကို မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များမှ မသင်္ကာဖွယ်တွေ့ရှိသောဆိုင်ကယ် ၅ စီးအားရပ်တန့်စစ်ဆေးရာ အစစ်ဆေးမခံဘဲ တပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော လွတ်လပ်သော စုံစမ်းရေးကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို အောက်တိုဘာလ (၁၂) ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုင်းတုံ မြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူ ကျေးရွာ၊ ရပ်ကွက်(၄)တွင် အောက်တိုဘာ ၇ ရက်၌ သိန်း ၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၊ (၃)မိုင်ရပ် ကွက်၊ (၃)မိုင်-ကျီးကန်ပြင်သွားလမ်းမပေါ်တွင် ကျပ် ၅,၆၅၅သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် အပိုင်းက ဆောင်ရွက်နေမှုများအား မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။