Connect with us

Politics, Law & Military

ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်(၇၁/၁-၂)ကြား၌ ၆ ဘီးယာဉ် နှင့် ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် လူ၂ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်(၇၁/၁-၂)ကြား၌ ၆ ဘီးယာဉ် နှင့် ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် လူ၂ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ၀၂း၁၀ အချိန် ကျောင်းကုန်းမြို့နယ်၊ အဝစုကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်(၇၁/၁-၂)ကြား၌ ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ဦးမြင့်ဦး(၆၀)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်မင်းနိုင်(၂၉)နှစ်လိုက်ပါလာသည့် 7C/xxxx Nissan(၆)ဘီး ယာဉ် အား လားရာတူနောက်မှ ဦးမြင့်လှိုင်(၄၃)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇင်မောင်မောင်(၂၉)နှစ် နှင့် ခရီးသည် ၁၅ ဦး လိုက်ပါလာသော 9B/xxxx မန်းရာဇာ ခရီးသည်တင်ယာဉ်မှ ကျော်တက်စဉ် တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဦးမြင့်ဦး(၆၀)နှစ်နှင့် ဇင်မောင်မောင်(၂၉)နှစ်တို့တွင် နောက်စေ့ ဖူးရောင်/ဦးခေါင်း ချိုင့်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး ဇော်မင်းနိုင်(၂၉)နှစ်တွင် ယာမျက်လုံး စုတ်ပြဲ ဒဏ်ရာ (စိုးရိမ်ရ)နှင့် ခရီးသည် ဦးကျော်စိန်(၄၇)နှစ်နှင့် ၃ ဦး(ကျား ၁၊ မ ၂)တို့တွင် ဖူးရောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၀၂း၄၀နာရီ အချိန်တွင် သေဆုံး/ဒဏ်ရာရရှိသူများအား ကျောင်းကုန်းပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၀၅း၃၀နာရီ အချိန်တွင် မြင့်လှိုင်အား ကျောင်းကုန်းမြို့မ ရဲစခန်း ယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေစေမှု / ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)