Connect with us

Politics, Law & Military

ရှမ်းပြည်နယ်အတွင်း မြွေ အကောင် ၁၀၀၀ကျော် တရားမဝင် သယ်ဆောင်လာသူများ ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မြွှေအမျိုးအစားအစုံပါသော တရားမဝင် မြွေအကောင် တစ်ထောင်ကျော် သယ်ဆောင်လာသူများအား ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရသိရသည်။

လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသော 3E/×××× ALPHARD ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ လင်းမြွေ(၈၁)ခြင်း၊ လင်းမြွေအရှင် (၁၁၇၉)ကောင်၊ လင်းမြွေအသေ(၉)ကောင်၊ မြွေပွေး(၁၂)ခြင်း၊ မြွေပွေးအရှင်(၁၅၄)ကောင်၊ မြွေဟောက် အရှင်(၃၀)ကောင် စုစုပေါင်းအလေးချိန်(၁၈၆၅.၉၂)ပိဿာတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ မြွေများအား သယ်ဆောင်လာသူ နှစ်ဦးအား သိန်းနီမြို့မရဲစခန်း(ပ)၁/၂၀၁၉၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)ဖြင့် အရေးယူထား ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.