Connect with us

Politics, Law & Military

မဲစာရင်း မှန်ကန်ရေး ၂၀၁၉ တစ်နှစ်တာလုံး အလေးထား ဆောင်ရွက်မည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

လာမည့် ၂၀၂၀ ရွေးကာက်ပွဲအတွက် မဲစာရင်း ပြုစုခြင်း လုပ်ငန်းကို ၂၀၁၉ ဇန်နဝါရီလမှ စပြီး ဆောင်ရွက်မည်ဖြစ်ပြီး မဲစာရင်း မှန်ကန်ရေးအတွက် ၂၀၁၉ တစ်နှစ်တာလုံး အလေးထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ ပြောကြား ခဲ့သည်။

နေပြည်တော် Grand Amara Hotel တွင် ယနေ့နံနက်က ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မဲစာရင်း ပြုစုခြင်း ဆရာဖြစ်သင်တန်း ဖွင့်ပွဲ၌ ကော်မရှင် ဥက္ကဋ္ဌကထိုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

IFES Myanmar ဌာနေ ညွှန်ကြားရေးမှူး Mr. Paul Guerin အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မဲစာရင်း ပြုစုခြင်း ဆရာဖြစ်သင်တန်း ဖွင့်ပွဲ ကျင်းပစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ထိုသို့ တစ်နှစ်တာလုံးအလေးထား ဆောင်ရွက်ကြရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၌ အခက်အခဲများ ကြုံရပါက မိမိတို့ဘာသာ ကြိတ်ပြီး ဖြေရှင်းခြင်း မလုပ်ကြဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်သို့ တင်ပြဖို့ အကြောင်းကြားဖို့ လိုအပ် ကြောင်း၊ ကော်မရှင်အနေဖြင့် အဆိုပါ အခက်အခဲ များကို၂၄ နာရီ အချိန်ပြည့် လက်ခံပြီး ဖြေရှင်းခြင်း၊ လိုအပ်ချက်များ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းခြင်းများ ပေါ်ပေါက်ပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သည်းခံလိမ့်မည် မဟုတ်ကြောင်း။ မည်သည့် အလျှော့အတင်းမျှ ခွင့်ပြုမည် မဟုတ်သည့်အတွက် မဲစာရင်းမှန်ကန်ရေးကို အလေးအနက် ထားပြီး ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.