Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၄၀၁ ရွက် တွေ့ရှိမှုဖြစ်ပွား

ငွေစက္ကူအတုများ နှင့်အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၄၀၁ ရွက် တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ၁၄း၃၀နာရီ အချိန်တွင် မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် အဖွဲ့သည် သတင်းအရ မောင်တောမြို့နယ်၊ ကမ္ဘောဇဘဏ်ခွဲ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄၀၁ ရွက်နှင့် ငွေလွှဲရန် ရောက်ရှိနေသော ဇော်လင်းထက်(၃၁)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ယာဉ်မောင်း၊ (ဘ)ဦးဌေးစိန်၊ မြို့မအနောက်ရပ်ကွက်၊ မောင်တောမြို့နေသူအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ၎င်းမောင်းနှင်သည့် ယာဉ်ပိုင်ရှင် ကိုင်းကြီး(နတလ) ကျေးရွာနေ သန်းဝင်းမောင် (၂၅)နှစ် (စိစစ်ဆဲ)မှ ဆက်သွယ်ပေး၍ ပုဏ္ဏားကျွန်းမြို့နေ ဦးဇော်ဇော် (စိစစ်ဆဲ)မှ ဖုန်းအမှတ် ၀၉-xxxxxxxx ဖြင့် ၎င်းထံဆက်သွယ်ကာ ကားရောင်းရငွေများဟု ပြော၍ ယူဆောင်ခိုင်းသဖြင့် ဇန်နဝါရီလ ၅ ရက်နေ့ ၁၀၀၀ အချိန် (၃)မိုင် ဝေသာလီကျေးရွာနေ အသက်(၂၀)နှစ် အမျိုးသား (စိစစ်ဆဲ)(ဘ)ဦးမဲသံလုံး ထံမှ ကျပ် ၁၀၀ သိန်းအား လည်းကောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ ၁၂၀၀ အချိန် (၃)မိုင် ဝေသာလီ ကျေးရွာ နေ သံချောင်း(ခ)ကျော်အေးစိန်(၃၃)နှစ်၊ (ဘ)ဦးကောင်းစံသူထံမှ ၁၆,၂၅၀,၀၀၀ ကျပ်အား လည်းကောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့ ၀၉း၀၀နာရီ အချိန် သန်းဝင်းမောင် နေအိမ်မှ ၁၃,၈၅၀,၀၀၀ ကျပ်အား လည်းကောင်း သွားယူခဲ့ကြောင်း၊ အဆိုပါ တစ်ဦးချင်း၏ငွေများအား သီးခြားစီထုပ်၍ သန်းဝင်းမောင် ၏ ဖုန်းဖြင့် ဆက်သွယ် အကူအညီတောင်းခံချက်အရ ဒေါ်သန်းသန်းစိုး၏ ဘဏ်အကောင့်အား ဘဏ်မှ လွှဲပြောင်းပေးအပ်စဉ် သံချောင်း(ခ)ကျော်အေးစိန် ပေးသည့်ငွေ ၁၆,၂၅၀,၀၀၀ ကျပ်အနက် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၄၀၁ ရွက်(၄,၀၁၀,၀၀၀ ကျပ်)မှာ အတုများဖြစ်ကြောင်း သိရှိရသဖြင့် ၁၈း၁၅နာရီ အချိန်တွင် ဇော်လင်းထက်အား မောင်တောမြို့မ ရဲစခန်း(ပ)၆/၂၀၁၉၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.