နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) နေပြည်တော် MICC II တွင် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ တတိယ ညီလာခံသည် တိုင်းရင်းသားများ အကြား ယုံကြည်မှု...
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၁,၁၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) သမိုင်းကြောင်းမတူ ကွဲပြားသည့် လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စုကြီးအဓွန့်ရှည်ရန် အတွက် ဘက်ပေါင်းစုံ လေ့လာဆန်းစစ်၍ သဟဇာတဖြစ်နိုင်သည့် မူများချမှတ်ပြီး ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ဝိုင်းဝန်း တည်ဆောက်ကြရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး တွင်...
နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၌ လက်မှတ်မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်လာဖို့ ပိုမို၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌ...
နေပြည်တော် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အား အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရန် လက်နက်ကိုင် လမ်းစဉ်များ ချုပ်ငြိမ်းသွားရန် ပထမဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိလာချိန်တွင် ရှေ့ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းများအား ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ...
နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)၏ သဘောတူညီချက်များနှင့် ရပ်တန့်မနေဘဲ ပင်လုံညီလာခံ၌ ဆက်လက်ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မြန်မြန်ဆန်ဆန်နှင့် မှုခင်းတွေကိုပြီးစီးအောင် ဌာနဆိုင်ရာအသီးသီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော်မတီ(၂)ခု ပူးပေါင်းအစည်းအဝေးကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းရာတွင် ပြစ်တင်ခြင်း၊ ဝေဖန်ခြင်းတို့သည် ပဋိပက္ခများအား ပြေလညအောင် ဆောင်ရွက်ရာ၌ အထောက်အကူမဖြစ်ကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက ယနေ့နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။-