ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံပထမနေ့ကို ယနေ့ နံနက် ၉နာရီ တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ နောင်ချိုမြို့ နှင့် ဟိုပင်မြို့ တို့တွင် ကျပ်သိန်း ၈၉၃၉.၄ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) FDA ဝန်ထမ်းအမျိုးသမီး ကို အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသော တရားခံ တက္ကစီသမား မျိုးဇော်ဦး ခေါ် ဆီဒိုးနား ကို ယနေ့တွင် သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး လှဦးကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နှင့် လှိုင်သာယာမြို့နယ် တို့တွင် ငွေကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန်လ ၂၁ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ် တွင် ကျင်းပမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေး က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန်၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တရားမဝင်သစ်လုံး/ခွဲသား (၄၉၅) ချောင်း အလေးချိန်အားဖြင့် (၇၈.၇၁၈၈) တန်အား တရားခံ(၁၉) ဦးနှင့်အတူ ဇွန်လ ၁၇ ရက် နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဇွန်လ ၂၀ရက် (ဆင်ဟွာ) လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတိုင်း အလှည့်ကျ အစီရင်ခံရသည့် လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ သုံးသပ်မှု လုပ်ငန်းစဉ်တွင် ပါဝင်သော ကမ္ဘာ့နိုင်ငံ ၉၃ နိုင်ငံ၏ အြင်္ကပြုချက် ၂၈၁ ခုအနက် မြန်မာ နိုင်ငံက လက်ခံထားသော ၁၆၆ ချက်တို့ကို အကောင်အထည်ဖော်ရေးအတွက် နေပြည်တော်...
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇူလိုင် ဒုတိယအပတ်တွင် ကျင်းပရန်လျာထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်း ရေးမှူး ဦးခင်ဇော်ဦးက ယနေ့ကျင်းပသော တတိယအစည်းအဝေး အကြိုပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်းရှည်ကျေးရွာအုပ်စုကွင်းရှိ နေအိမ်တွင် မူးယစ်ဆေးချက်ရာ၌ အသုံးပြုသော အီသာအရည်ပါ ပီပါ ၁၂၇ လုံးဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။