Connect with us

Politics, Law & Military

CSR လုပ်ငန်းများအတွက် ကျပ် သိန်း တစ်သောင်းကျော်သုံးစွဲ

စွမ်းအင်ကဏ္ဍ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းသည် ၂၀၁၈ ခုနှစ်၌ မိမိ၏ mini budget မှ ကျပ်သိန်း ၁၀၆၃၄ ကို သက်ဆိုင်ရာ ဒေသများရှိ လူမှုစီးပွား လုပ်ငန်းများ (CSR:_ Corporate Social Responsibility) အတွက် လျာထား သုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကဏ္ဍအလိုက် လျာထား သုံးစွဲမှုများမှာ ပညာရေး ကဏ္ဍတွင် ကျပ်သိန်း ၄၃၂၂ ဒသမ ၅၅ (၄၁ ရာခိုင်နှုန်း)၊ ကျန်းမာရေး ကဏ္ဍတွင် ကျပ်သိန်း ၁၀၂၉ ဒသမ ၃၅ (၁၀ ရာခိုင်နှုန်း)၊ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် ကျပ်သိန်း ၁၀၈၁ (၁၈ ဒသမ ၅ ရာခိုင်နှုန်း)၊ ရေကောင်းရေသန့် ရရှိရေးကဏ္ဍတွင် ကျပ်သိန်း၂၈၀ ဒသမ ၅ (၂ ဒသမ ၅ ရာခိုင်နှုန်း)၊ မီးရရှိရေးကဏ္ဍတွင် ကျပ်သိန်း ၁၃၄၃ (၁၂ ဒသမ ၅ ရာခိုင်နငန်း)စာကြည့်တိုက် ကဏ္ဍတွင်ကျပ်သိန်း ၃၀၃ ဒသမ ၅ (၃ ရာခိုင်နှုန်း)၊ လူ့ စွမ်းအား ရင်းမြစ် ဖွံ့ဖြိုးရေး ကဏ္ဍတွင် ကျပ်သိန်း ၁၀၅ ဒသမ ၅ (၁ ရာခိုင်နှုန်း)၊ လူမှုရေးကဏ္ဍ တွင် ကျပ်သိန်း၉၄၉ ဒသမ၈၅ (၉ ရာခိုင်နှုန်း)၊သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင် ကျပ် ၂၀၄ ဒသမ ၅ (၂ ရာခိုင်နှုန်း)၊ အထွေထွေနှင့် အရေးပေါ်အတွက် ကျျပ်သိန်း ၁၁၄ ဒသမ ၂၅ (၀ ဒသမ ၅ ရာခိုင်နှုန်း) တို့ ဖြစ်ကြောင်းလည်း ဖော်ပြ ပါရှိသည်။

လျှပ်စစ်ကဏ္ဍ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့် ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ

အသုံးပြုသည့် ဒေသများမှာ ချောက်၊ ရေနံချောင်း၊ မန္တလေး၊ ပြည်၊ မြန်အောင်၊ ရွှေပြည်သာ၊ ထောက်ရှာပင် – ကမ်းနီ၊ ကျောက်ခွက် – လက်ပံတို -အရာတော်၊ မအူပင်၊ ညောင်တုန်း၊ အဖျောက်၊ သာကြီးတောင် – စံပယ်၊ ထန်းကိုင်း – ဒဟတ်ပင် – ရေနံမ ဒေသနှင့် ပိုက်လိုင်းစခန်းများ ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.